ဓမ္မာစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုရအသင်းအား သန်လျင်၌ ဂုဏ်ပြုချီးမြှင့်

သန်လျင် ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးကျင်းပခဲ့သော တိုင်းဒေသကြီးအဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော ခရိုင်ကိုယ်စားပြု သန်လျင်နှင့် ကျောက်တန်းမြို့နယ် အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများအား အသင်းခေါင်းဆောင် ဒေါ်သန္တာဝင်းက ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်အလွတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲတွင် ဒုတိရရှိခဲ့သော ခရိုင်ကိုယ်စားပြု သန်လျင်နှင့်ကျောက်တန်းမြို့နယ် ဝတ်အဖွဲ့အား ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်သိုက်ဝင်း၊ ခရိုင်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၏ ဇနီးဒေါ်မေလဲ့ဝါသွေး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်မင်းထိုက်နှင့် တာဝန်ရှိသူများက တစ်ဦးချင်းဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်ပြီးနောက် ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်ဆက်)