သတင်းများ

နမ့်ဆန်မြို့နယ်တွင် လောကပါလဘာသာပေါင်းစုံ လူမှုကူညီရေးအသင်းနှစ်ပတ်လည် အစည်းအဝေးပြုလုပ်
Jul 07,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၊ မြို့မဂိုဏ်းချုပ် ဆရာတော်ကျောင်းဦးဉာဏိက အခန်း၌ ယမန်နေ့မွန်းလွှဲ(၂)နာရီ အချိန်က နမ့်ဆန်မြို့နယ်လုံးဆိုင်ရာ လောကပါလ ဘာသာပေါင်းစုံ လူမှုကူညီရေးအသင်း နှစ်ပါတ်လည် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။
မူဆယ်မြို့၊ လူနေရပ်ကွက်များအတွင်း ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် ပရဟိတအသင်းအဖွဲ့များက ခြင်နိုင်ဆေးများပက်ဖြန်း
Jul 07,2023
မိုးရာသီကာလတွင် ခြင်မှတဆင့်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့်အခြား ခြင်မှတဆင့် ကူးစက်သော ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်နိုင်ရေး အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ခြင်ပေါက်ဖွားနိုင်သော ရေဝပ်သည့်နေရာများ၊ ခြင်ခိုအောင်းနိုင်သောချုံနွယ်များကို ပရဟိတအသင်းအဖွဲ့များက ခြင်နိုင်ဆေးများကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံပက်ဖြန်းလျက်ရှိပါသည်။
မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာ၌ စက်မှုလယ်ယာစနစ်ဖြင့် ထွန်ယက်စိုက်ပျိုးမှုများပြား
Jul 07,2023
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးကြပ်၍  စိုက်ပျိုးတောင်သူများ ပူးပေါင်းဆောင်ရွက် လျက်ရှိရာ လယ်ယာကုန်ထုတ်မှု တိုးတက်မြင့်မားရေးအတွက် စက်မှုလယ်ယာစနစ်ဖြင့် ထွန်ယက်စိုက်ပျိုးမှုပိုမိုများပြားလာကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ
Jul 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဖုန်းဆိုးတောင်ကျေးရွာအုပ်စု၊ တောင်ဇီးကျေးရွာ၊ သဘာဝရေပြင်အတွင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးသယံဇာတများရေရှည် တည်တံ့စေရေးနှင့် ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ရရှိစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ 
သရက်ချောင်းမြို့နယ်တွင် အခြေခံငါးမွေးမြူရေးရက်တိုသင်တန်းဖွင့်လှစ်
Jul 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုသော အခြေခံငါးမွေးမြူရေးရက်တိုသင်တန်းကို ယမန်နေ့က သရက်ချောင်းမြို့၊ ဆင်ဖြူပြင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။
နမ့်ဆန်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉  ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး
Jul 07,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ(ထခွဲလ-၁) တွင်ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
မူဆယ်မြို့ရှိ ခရိုင်လေ့ကျင့်ရေးဘောလုံးကွင်း အဆင့်မြှင့်တင် ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်
Jul 07,2023
လူငယ်လူရွယ်၊ ကျောင်းသား/သူများနှင့် ဒေသခံတိုင်းရင်းသား အားကစားမောင်မယ်များ ညီညာပြန့်ပြူးပြီးပိုမိုကောင်းမွန်သော ဘောလုံးကွင်းတွင် ကစားရသည့်အတွက် ဘောလုံးစွမ်းရည်နှင့် အရည်အချင်းများ တိုးတက်ပြောင်းလဲလာစေရန် ရည်ရွယ်၍  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားနယ်မြေရှိ ခရိုင်လေ့ကျင့်ရေးဘောလုံးကွင်းအား အဆင့်မြှင့်တင် ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
သီပေါမြို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများပြုလုပ်ဆောင်ရွက်
Jul 07,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။