ကျောက်ဆည်မြို့နယ်တွင် သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် ဇူလှိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ သီးနှံမျိုးစုံ (၁၇၂) ဧက အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး သင်းဒီးမြောင်းမှ ရေကျအဆောက် အအုံတစ်ခု ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကျအဆောက်အအုံသည် နောင်ခမ်းဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေများ ပေးဝေနေသည့် ဆည်ရွာကျေးရွာအနီး သင်းဒီးမြောင်း၏ မြောင်းအမှတ်အာဒီ (၃၉+၀၀၀) တွင်တည်ရှိပြီး မပြုပြင်သည်မှာ နှစ်ကာလကြာမြင့်ပြီဖြစ်သောကြောင့် ရေကျအဆောက်အအုံ၏ အထက်ပိုင်းနှင့် အောက်ပိုင်း မြေကာနံရံများ ပျက်စီးပြီးမြေဘောင်များ ရေတိုက်စားကာ စိုက်ပျိုးရေပေးဝေရာတွင် အပြည့်အဝပေးဝေနိုင်ရေး အခက်အခဲဖြစ်သောကြောင့် မန္တလေးတိုင်း ဒေသကြီး ခွင့်ပြုရန်ပုံငွေ (၁၆.၅၀၀) ကျပ် သန်းအကုန်အကျခံကာ အလျား (၅၀) ပေ၊ အကျယ် (၁၂) ပေ၊ အမြင့် (၅) ပေ ပြန်လည်ပြုပြင်ပေခြင်း ဖြစ်ကြောင်းနှင့် လုပ်ငန်းများသတ်မှတ်အချိန်၊ သတ်မှတ်ကာလအတွင်းပြီးစီးရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် နောင်ခမ်းဆည်ရေသောက်စနစ်၊ နွားတက်မြောင်းမှ ရေကျအဆောက်အအုံ  ပြန်လည်ပြုပြင်ဆောင်ရွက်ပေးမှုကြောင့် ဒေသခံ တောင်သူများ၏ သီးနှံမျိုးစုံ (၁၇၂) ဧကအတွက် ရေများပေးဝေရာတွင် မြောင်းအဆုံးမှမြောင်းအဖျားအထိ ရေအလေအလွင့် ဆုံးရှုံးမှုနည်းပါးစွာ သီးနှံများ အောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏပြည်ဝစွာ ပေးဝေနိုင်မည်ဖြစ်ပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တောင်သူ များ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေပေးဝေနေသည့် ရေကျအဆောက်အအုံများ၊ မြောင်းများ၊ ရေပြွန်များ၊ ရေတံခါးများအား ဘဏ္ဍာနှစ်အလိုက် ပြုပြင်ပေးလျက်ရှိကြောင်း  သိရှိရသည်။

သက်မောင်