အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံဂဟေဆက်နည်းသင်တန်းဖွင့်လှစ်
Jul 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် မိသားစုဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အေးမြင့်သာယာကျေးရွာအုပ်စု၊ ပေါက်တော ကျေးရွာတွင် အခြေခံဂဟေဆက်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားအား အဆိုပါ ပေါက်တော ကျေးရွာရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။