ဝန်းသို ဇူလိုင် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဝန်းသို)၊ မြတ်ဆရာခန်းမတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဟောပြောပွဲကို မြို့နယ်သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းလှိုင်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေခံများ၊ စနစ်တကျအမှိုက်စွန့်ပစ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲ များထိန်းသိမ်းရေး၊ အိုဇုန်းလွှာနှင့် ခရမ်းလွန်ရောင် ခြည်အကြောင်း၊ လေထုညစ်ညမ်းမှုလျှော့ချရေး၊ တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု အကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ်အကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း၊ ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေး စသည့်အကြောင်း အရာများကိုလည်းကောင်း၊ မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ခွင်ကြည်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်အမှိုက် များအကြောင်းကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသီးသီးအသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်သစ်တောဦးစီးမှူး ဦးသိန်းလှိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဒေါ်ခွင်ကြည်၊ အ.ထ.က-ဝန်းသို၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ထွေးထွေမော်နှင့် ဆရာ၊ ဆရာမများ၊ (Grade-9) ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်း