မက်မန်း ဇူလိုင် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘဆရာအသင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီ အချိန်က မက်မန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် အခြေခံပညာ အထက်တန်းကျောင်း(မက်မန်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ၏ သောက်သုံးရေလိုအပ်ချက်များ၊ ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရေလောင်းအိမ်သာလိုအပ်ချက်များ၊ ဆရာ/ဆရာမအင်အား လိုအပ်ချက်များနှင့် လက်ရှိသင်ကြားရေးတွင် ဆောင်ရွက်နေမှုများကို အပြန်အလှန် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။ ထို့ပြင် ကျောင်းသားမိဘနှင့် ဆရာ/ဆရာများသည် သောက်သုံးရေ လိုအပ်လျက်ရှိသော သောက်ရေကန်များ၊ ရေလောင်အိမ်သာများ ပြုပြင်ရမည့်အခြေနေများကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)