သတင်းများ

ညောင်လေးပင်မြို့နယ်တွင် သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိ
Jul 07,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းရင်းဆေးပညာဌာနမှ သံဃာတော်များအား ကျန်းမာရေးစောင့်​ရှောက်မှုများ ပြုလုပ်ပေးခြင်းကို ယနေ့နေ့လည်  ၁၁ နာရီအချိန်က ထူပါရုံတောရကျောင်းတိုက် ဆောင်ရွက်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဝန်ထမ်းများအား e-ID စနစ်ဖြင့် ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက် ကောက်ယူခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 07,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဦးစီးမှူးရုံးက e-ID စနစ်အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်ဦးစီးမှူးရုံး၌ စုရပ်ပြုလုပ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပညာရေးဌာနတို့မှ ဝန်ထမ်းများ၏ ဇီဝဆိုင်ရာကိုယ်ရေး အချက်အလက်များကို  စနစ်တကျ ကောက်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များ ကွင်းဆင်းဆောင်ရွက်
Jul 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီ၌ မြို့နယ်ပညာရေးမှူးရုံးတွင် (Biometric) လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် လျက်ရှိသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် ချင်းပြည်နယ်အတွင်း မိုခါဆိုင်ကလုန်းဒဏ် ကြောင့် ပျက်စီးသွားသည့် လူနေအိမ်၊ အဆောက်အဦ (၉၂၆)လုံးအတွက် သွပ်၊ သဲ၊ သစ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်
Jul 07,2023
ချင်းပြည်နယ်အတွင်း မိုခါဆိုင်ကလုန်းဒဏ်ကြောင့် ပျက်စီးသွားသည့် လူနေအိမ်အဆောက်အဦ (၉၂၆)လုံးအတွက် သွပ်၊ သံ၊ သစ်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (ကျောက်ပန်းတောင်း)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းတွင်၊ လူငယ်များအသိပညာ ဗဟုသုတတိုးပွားစေရန် ကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို၊ ဇူလိုင်လ(၇)ရက်နေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်းရှိ စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်
Jul 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို ​​ယနေ့နံနက် (၉)နာရီမှ (၁၂) နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်တွင် ၂၀၂၃-၂၀၂၄ မိုးစပါး မျိုးစေ့ချကိရိယာ (Drum Seeder) စနစ်ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား ဓာတ်မြေသြဇာပေးအပ်ပွဲကျင်းပ
Jul 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၃-၂၀၂၄ မိုးစပါး မျိုးစေ့ချကိရိယာ (Drum Seeder) စနစ်ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား ဓာတ်မြေသြဇာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရဲချောင်းဝကျေးရွာရှိ ကွင်းအမှတ် ၁၉၆(ခ)၊ ဦးပိုင်အမှတ် ၂ /၂ တောင်သူ ဦးတင်ထွန်း၏ လယ်မြေတွင် ကျင်းပခဲ့သည်။
ပေါင်မြို့နယ်တွင် ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်
Jul 07,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။