သတင်းများ

ကွတ်ခိုင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရကျောင်းသား၊ ‌ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jul 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုအသင်းမှကြီးမှူး၍ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးများဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးခဲ့သောဆရာ၊ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်ထောင်စုခန်းမ၌ ကျင်းပ‌ကြောင်းသိရသည်။
အင်တောမြို့၌ အသက် ၅ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jul 07,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ အင်တောမြို့တွင် ၂၀၂၃ အခြေခံပညာအထက်တန်းကျောင်းမှ တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်အရွယ် ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ၌ အဆိုပါကျောင်းခန်းမ၌ ထိုးနှံပေးကြောင်း သိရသည်။
ပန်းတောင်း မြို့နယ်အခြေခံပညာကျောင်းများသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်
Jul 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက အ.မ.က (လွန်) တောင်ဘွေကျောင်းနှင့် အ.မ.က (လွန်) ငါးမျက်နှာကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ဇီဝဆိုင်ရာ အချက်အလက်များ ဆက်လက်ကောက်ယူ
Jul 07,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ဒေသ အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား လူတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဆင်ခေါင်းရပ်ကွက်အတွင်းရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၌ ဆောင်ရွက် ပေးလျက်ရှိသည်။
ငါးသိုင်းချောင်းမြို့၊ ဇီးကုန်းကျေးရွာတွင် အခြေခံပညာ မူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပပြုလုပ်
Jul 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ ဇီးကုန်းကျေးရွာတွင် အခြေခံပညာ မူလတန်းကျောင်းဝင်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နံနက် (၉)နာရီ(၃၀)မီးနစ် အချိန်က အဆိုပါကျောင်းဆောင်သစ်ရှေ့တွင် ကျင်းပပြုလုပ်သည်။
ဝန်းသိုမြို့၌ “စိတ်စည်းကမ်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jul 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများအနေဖြင့် စာပေလေ့လာဖတ်ရှုမှတ်သားမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊ လူမှုဆက်ဆံရေးတို့တွင်များစွာ အထောက်အကူပြုနိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင် ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပပြုလုပ်
Jul 07,2023
ကျောင်းသားလူငယ်များအား ပညာရေးနှင့်ပတ်သက်သည့် အသိပညာများပိုမိုသိရှိ ဇူလိုင်လ(၇)ရက်နေ့က စစ်ကိုင်းခရိုင်၊  မြင်းမူမြို့ပြန်/ဆက်ဦးစီးဌာန  ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။
မိုင်းပျဥ်းမြို့ အ.ထ.က ၌ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်
Jul 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ Biometric အချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။