ဘုတ်ပြင်း ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများက ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် သက်ကြီးဘိုးဘွားများ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွား (၂၆)ဦးတို့ထံ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုး(၃၄)ဦး အဘွား(၇၉)ဦး ဘိုးဘွားပေါင်း(၁၁၇)ဦးပြီး ကျန်ရှိနေသည့် ဘိုးဘွားများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဘိုးဘွားများ၏ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)