ဘုတ်ပြင်းမြို့၌ အမကကျောင်များတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညားပေး ဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ဘုတ်ပြင်း   ဇူလိုင်      ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာအသိပညားပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာ စောင်ပြသခြင်းကို ယမန်နေ့ နံနက်က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု  ကရိုင်တိုင်ကျေးရွာ အခြေခံ ပညာမူလတန်း ကျောင်း(၃၅၈)တွင် ဆောင်ရွက်ခဲ့ကျောင်းသိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေဝင်းထွေးက ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ကျင်းပရသည်ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ကလေးသူငယ် အခွင့်အရေးများကို ကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့်အန္တရာယ်များအား မိမိကိုယ်မိမိ ကာကွယ်နိုင်ရန်၊ ကလေးသူငယ်အခွင့်အရေးများရှိသလို ကလေးငယ်များ ကိုယ်တိုင်သတိပြုရမည့် အချက်များကို သိရှိလိုက်နာတတ်ရန် စသည်များကိုလည်းကောင်း ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့် ကလေးသူငယ်အခွင့်အရေး(၄)ရပ်ဖြစ်သည့်  အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ အကာအကွယ်ပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသည့် ကလေးသူငယ်အခွင့်အရေး များကို ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန် အသိပညာပေးဟောပြောပြီး မွန်းလွဲပိုင်းတွင်  အခြခံပညာ မူလတန်း ကျောင်း(၂၂၄) တွင် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းနောက် ဟောပြောပွဲအပြီးတွင်ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသည့် ကလေး သူငယ် အခွင့်အရေးများနှင့် ပတ်သက်သည့်အကြောင်းအရာများအား အသိပညာ ဗဟုသုတရ ရှိစေရန် စာအုပ်စာစောင်များ နံရံကပ်စာစောင်များပြသထားရာ ကျောင်းသားကျောင်းသူများ က စိတ်ပါဝင်စားစွာလေးလာဖတ်ရှုခဲ့ကြကြောင်းသိရသည်။

 (ပြန်/ဆက်)