လူထုအခြေပြုဗဟိုဌာန(ပန်းတနော်)၌ အိမ်တွင်းလက်မှု လုပ်ငန်းသင်တန်း ဖွင့်လှစ်

ပန်းတနော် ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်တွင် လူငယ်လူရွယ်များလက်မှုအတက်ပညာများ တက်မြှောက်စေရန်ရည်ရွယ်၍ ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (၅၂၈)ပရဟိတအဖွဲ့တို့ပူးပေါင်းပြီး အိမ်တွင်းလက်မှုလုပ်ငန်းသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) အဆောက်အုံရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးကိုကိုမောင်က အိမ်တွင်းလက်မှုလုပ်ငန်းသင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး (၅၂၈)ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သင်တန်းတွင်သင်ကြားပို့ချပေးမည့် အစီအစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အိမ်တွင်းလက်မှုလုပ်ငန်းသင်တန်းတွင် ပလတ်စတစ်ဖြင့်ပြုလုပ်သည့် ခြင်းတောင်း၊ လက်ကိုင်အိတ်အသုံးအဆောင်ပစ္စည်းများ၊ သိမ်းဆည်းနိုင်သည့် ခြင်းအမျိုးမျိုးပြုလုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကို ဇူလိုင်လ ၇ ရက်မှ ၁၁ ရက်နေ့ထိ ၅ ရက်ကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းသား(၂၅) ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)