အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့၌Covid-19ရောဂါ ကာကွယ်အသိပညာ ပေးနှိုးဆော်မှုများကို ယမန်နေ့ ညနေပိုင်းက မြို့အတွင်းလှည့်လည်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
Jul 14,2021
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jul 14,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ မြို့နယ် ကိုဗစ်- ၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရေး ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းကို ဘုရင့်နောင်ရုပ်ထုအနီးနှင့် သံတောင်လမ်း စုပေါင်းရုံးရှေ့၌ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2021
မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ သံသယလူနာ ၃၂ ဦးအား ယနေ့နံနက် ၉ နာရီက မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် စစ်ဆေးခဲ့ရာ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၈ ဦး စုစုပေါင်း (၉)ဦးတို့တွင် ရောဂါ ပိုးတွေ့ရှိခဲ့သည်။
Jul 14,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း ယမန်နေ့က အနံ့ပျောက်လူနာ (၁၃၁) ဦး အား ကျန်းမာရေးစစ်ဆေးခဲ့ရာ (၅၆) ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။
Jul 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာများနှင့် ထိတွေ့ခဲ့သူများနှင့် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့ပျောက်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လျက်ရှိသူ(၁၁)ဦးအား ယနေ့နံနက်ပိုင်းက RDT test kits ဖြင့် စစ်ဆေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက ကညွှတ်ကွင်းမြို့ ကွင်းအနောက် အမှတ် (၂) ရပ်ကွက် ၊ စျေးတန်းဟောင်း ၊ ရွာမ ၊ ဗိုလ်တဲကျေးရွာတို့၌ ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေအထိ ကျန်းမာရေးကောင်းမွန်သူ (၁၃) ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။