တောင်ငူ၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းများ ဆောင်ရွက်

တောင်ငူ ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ မြို့နယ် ကိုဗစ်- ၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရေး ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းကို ဘုရင့်နောင်ရုပ်ထုအနီးနှင့် သံတောင်လမ်း စုပေါင်းရုံးရှေ့၌ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံကိန်းဦးစီးဌာန ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများ ပူးပေါင်းကာ မြို့အတွင်း လမ်းသွားလမ်းလာကြသူများ၊ နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်မှုများကို မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီဝင်များက အဖွဲ့အလိုက် နေ့စဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်