မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ သံသယလူနာ ၃၂ ဦးအား ယနေ့နံနက် ၉ နာရီက မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် စစ်ဆေးခဲ့ရာ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၈ ဦး စုစုပေါင်း (၉)ဦးတို့တွင် ရောဂါ ပိုးတွေ့ရှိခဲ့သည်။
အဆိုပါ ပိုးတွေ့လူနာများမှာ ဆယ်ပယ်ကျေးရွာမှ အသက်(၃၅)နှစ် အမျိုးသား(၁)ဦး၊ မြို့မရဲစခန်းမှ အသက်(၄၉)နှစ်၊ အသက်(၂၅)နှစ်၊ အသက်(၂၃)နှစ်ရှိ အမျိုးသား(၃)ဦးနှင့် အသက်(၅၀)နှစ်ရှိ အမျိုးသမီး(၁)ဦး၊ တံငါ(တောင်)ကျေးရွာမှ အသက်(၂၇)နှစ်နှင့် အသက်(၃၇)နှစ်ရှိ အမျိုးသား(၂)ဦး၊ တံငါ(မြောက်)ကျေးရွာမှ အသက်(၁၅)နှစ်နှင့် အသက်(၁၈)နှစ်ရှိ အမျိုးသား(၂)ဦးတို့ဖြစ်သည်။ အဆိုပါ လူနာများအား မတ္တရာပြည်သူ့ဆေးရုံနှင့် မြို့နယ်အားကစားရုံရှိ ကိုဗစ်-၁၉ ကုသရေးစင်တာ တို့တွင်ထားရှိ၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုနှင့် ကုသပေးသွားမည်ဖြစ်ပြီး ၎င်းတို့နှင့် ထိစပ်သူများကို အသွားအလာကန့်သတ်ထားရှိရေး ဆောင်ရွက်သွားမည် ဖြစ်သည်။
ယနေ့အထိ မတ္တရာမြို့နယ်တွင် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၅၄ ဦးရှိပြီး၊ သေဆုံးသူ(၅)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)