ပြည်မြို့နယ်တွင် အနံ့ပျောက်လူနာ (၁၃၁)ဦးအနက် (၅၆)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

ပြည် ဇူလိုင် ၁၄

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း ယမန်နေ့က အနံ့ပျောက်လူနာ (၁၃၁) ဦး အား ကျန်းမာရေးစစ်ဆေးခဲ့ရာ (၅၆) ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။

 

ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ ခုတင်၅၀၀ အထွေထွေရောဂါကုဆေးရုံးကြီးသို့ အနံ့မရရှိသဖြင့် လာရောက်ပြသသူ (၄၂)ဦးအား RDTဖြင့် စစ်ဆေးခဲ့ရာ (၂၄)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အလားတူ ဝက်ထီးကန်တိုက်နယ် ဆေးရုံသို့ လာရောက်ပြသသည့် အနံ့ပျောက်(၇၅) ဦးအနက် (၂၈)ဦးတွင် လည်းကောင်း၊  ပေါင်းတလည်တိုက်နယ်ဆေးရုံသို့ လာရောက်ပြ သသည့် အနံ့ပျောက်(၁၄)ဦးအနက် (၄)ဦးတွင်လည်းကောင်း ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် ပြည်မြို့နယ်တွင် ဇူလိုင် ၁၃ ရက်အတွင်း အနံ့ပျောက် လူနာ (၁၃၁)ဦးအနက် ကိုဗစ် -၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိအတည်ပြုလူနာ (၅၆) ဦးဖြစ်ကြောင်း သိရပြီး ယင်းပိုးတွေ့အတည်ပြုလူနာများကို သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေး ကုသဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ထိစပ် များကိုလည်း သက်ဆိုင်ရာ Quarantine Center များတွင် အသွားအလာ ကန့်သတ်ထားရှိပြီး ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန် ရှိသူများထံမှ သိရသည်။

 

ကိုဆက်