Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ ကျေးရွာလူထုများ၏ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း…
Aug 07,2020
စိုက်ပျိုးရေး၊ မွေမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာလ ကျေးရွာလူထုများ၏ စီးပွားရေးထိခိုက်မှုကို ကုစားရန် ရည်ရွယ်၍ ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအား ကျေးရွာလည်ပတ်ရန်ပုံငွေအဖြစ် ထောက်ပံ့ငွေမတည်ပေးပြီး အိမ်ထောင်စုများထံ သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြင့် ရေရှည်တည်တံ့လည်ပတ်စေမည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ငွန်ဆိုင်း ကျေးရွာစာကြည့်တိုက်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် အခြေခံစားသောက်ကုန် ငါးမျိုးထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများ…
Aug 07,2020
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက် ကုန်ငါးမျိုး ထောက်ပံ့ရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့ သည့် အခြေခံလူတန်းစား အိမ်ထောင်စုများ အား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က ကံကလေး၊ တောင်ပို့သာယာ၊ ကဇင်းကြီး၊ သစ်နဖား၊ စပါယ်မျှောင်နှင့် တယ်ပင်ကန် ကျေးရွာအုပ်စုများသို့ သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီညှိနှိုင်းဆွေးနွေး
Aug 07,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တော်ဝင် စန္ဒကူးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 07,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းဆန္ဒမဲပေးနိင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ပန်ဆန်းကျေးရွာအုပ်စု၊ နောင်လှိုင် ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်
Aug 07,2020
တာချီလိတ်မြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် Irrawaddy Green Towers Ltdနှင့် ပူးပေါင်း၍ ကိုဗစ် 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် အသိပညာပေးလုပ်ငန်း ဆောက်ရွက်ခြင်းကို တာချီလိတ် ဘိုးဘွားရိပ်သာနှင့် လူငယ်ပရဟိတဂေဟာတို့၌ ယမန်နေ့က သွားရောက် ပြုလုပ်ခဲ့ကြ ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေး၀မြို့နယ်၌ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ Cash For Work စီမံကိန်းဖြင့် အကောင် အထည် ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၆) ရွာအနက် ကျော်ဇင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ယမန်နေ့မွန်းလွဲ ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့တွင် သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်ရေး ဆရာတော်၊ သံဃာတော်ကြီးများ ဆွေးနွေးညှိနှိုင်း
Aug 07,2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သာသနာ့ဗိမာန်တော်တည်ဆောက်နိုင်ရေးအတွက် ဆရာတော်၊ သံဃာတော်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်သံဃနာယကအဖွဲ့ရုံး ဓမ္မဝါသီကျောင်းတိုက်၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ ပြတိုက်ငယ်(Mini Museum) တွင် ထားရှိပြသနိုင်ရန် တိုင်းရင်းသားရိုးရာဝတ်စုံများနှင့် ရိုးရာ အသုံးဆောင်ပစ္စည်းများ လှ…
Aug 07,2020
တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားသော ပြတိုက်ငယ် (Mini Museum) တွင် ထားရှိပြသနိုင်ရန်အတွက် လူရှိုင်း တိုင်းရင်းသားရိုးရာ ဝတ်စုံများနှင့် ရိုးရာအသုံးဆောင် ပစ္စည်းများကို လူရှိုင်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26103
Page
26104
Page
26105
Page
26106
Current page
26107
Page
26108
Page
26109
Page
26110
Page
26111
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department