အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သီရိသာသနာ့ဗိမာန်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးသံသယရှိသူများ၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်ဆံခဲ့သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် ယနေ့ နံနက် ၉ နာရီခွဲ အချိန်က စစ်ဆေးခြင်းကို ကျောက်ဆည်ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဖျားနာခြင်း၊ ကိုယ်ပူခြင်း၊ ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့ခဲ့ခြင်းတို့ကြောင့် ဖျာပုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် RDTဖြင့်စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့လူနာသစ်(၁၄)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
Jul 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ပေါင်လင်း ကျေးရွာအုပ်စု၊ တွံ့တီးကျေးရွာတွင် နေထိုင်သော အမျိုးသမီးတစ်ဦး သည် ယနေ့နံနက်(၁၁)နာရီအချိန်က RDT-Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Jul 14,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆောင်ရွက်မှုအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့မွန်လွဲ ၃ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗေးရှင်းစင်တာ (MCC) ကိုဗစ်ကုသရေးဌာန၌ တာဝန်ခံဆရာ ဒေါက်တာရဲပိုင်၊ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ အနောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို ပြည်သူများသိရှိနိုင်ရန် ဆွေးနွေး ပြောကြားခဲ့ပါသည်။
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ကူညီလုပ်ဆောင်ပေးနေသည့် "ကရုဏာရှင်" အခမဲ့နာရေးကူညီမှုအသင်းက မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ပိုးသတ်ဆေး ဖြန်းခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့က ကိုဗစ်- ၁၉ရော ဂါပိုးတွေ့အတည်ပြုလူနာ ၁၄ ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ကိုဗစ်- ၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီထံမှသိရသည်။
Jul 14,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ မြို့မ(၁)ရပ်ကွက်နှင့် တယ်ပင်ဆိပ် ကျေးရွာတို့တွင် ယ​နေ့ နေ့လည်က ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရသူ(၂)ဦး ထပ်တိုးတွေ့ရှိကြောင်း အမာမြို့၊ ကျန်းမာရေး စောင့်ရှောက်မှု ကော်မတီထံမှ သိရသည်။
Jul 14,2021
တနင်္သာရီတိုင်းဒေသကြီး ၊ တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု-တကူ(စံပြ)တိုက်နယ်ဆေးရုံ Fever Clinic တွင် ဇူလိုင်လ ၁၄ရက်နေ နံက်၉နာရီအချိန်က သာရဘွင်ကျေးရွာအုပ်စု၊ သာရဘွင်ကျေးရွာနှင့် တကူကျေးရွာအုပ်စု-ဝမ်းနာရွာမှ အမျိုးသမီး(နှစ်)ဦးက နှာစေးချောင်းဆိုး၍ဖျားနေသဖြင့်လာရောက်ပြသရာတိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်၏ ဦးဆောင်မှုဖြင့် (COVID-19) ရောဂါပိုးရှိ/မရှိ Covid-19 Antigen test ဖြင့် စစ်ဆေးရာ ဝမ်းနာကျေးရွာမှအသက်(၃၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် ရောဂါပိုးအတည် ပြုတွေ့ရှိခဲ့သဖြင့် ၎င်းအမျိုးသမီးအား တကူတိုက်နယ် ဆေးရုံဝင်းအတွင်းရှိ ဇီဝိတသံဃာ့ဆေးရုံ (Facility Quarantine Center) အတွင်း (၁၄)ရက်အကြာသွားအလာကန့်သတ်ထားရှိ၍ နေ့စဉ်ကိုယ်အပူချိန်တိုင်းပေးခြင်း၊အောက်ဆီဂျင်တိုင်းခြင်းတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။