Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လောက်ကိုင်မြို့နယ်အတွင်း covid-19ရောဂါပိုး အတည်ပြုလူနာ စုစုပေါင်း ၁၆၇၀ ဦးရှိ
Jul 15,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ယမန်နေ့အထိ COVID – 19 Positive လူနာ ကျား ၁၀၄၁ ဦး ၊ မ ၈၂၉ ဦး ၊ စုစုပေါင်း ၁၈၇၀ ဦးဖြစ်ပြီး လက်ရှိ ထိတွေ့ဆက်စပ်သူ ကျား ၄၅၆ ဦး ၊ မ ၅၀၇ ဦး၊ စုစုပေါင်း ၉၆၃ ဦးဖြစ်ကြောင်း ကျား ၄ ဦး ၊ မ ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးကြောင်း၊ ပိုးကင်းစင်၍ ပြန်လည်စေလွှတ်သူ (၃၈၆)ဦး ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ် မြို့မစျေး၊ တာပွန်စျေးနှင့် အေးငြိမ်းသာ ပျံကျစျေးများအား ယာယီ (၁၃)ရက် ခေတ္တပိတ်ထား
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီးအား ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နံနက ၆ နာရီမှ နေ့လယ် ၁ နာရီအထိ ရောင်းချခွင့်ပြုခြင်း၊ တာပွန်စျေးနှင့် အေးငြိမ်းသာ ပျံကျစျေးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သော်လည်း ယခုအခါ ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိမှု ပိုမိုများပြားလာသည့်အတွက် မြို့မစျေး၊ တာပွန်စျေးနှင့် အေးငြိမ်းသာပျံကျစျေးများအား ဇူလိုင်လ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ယာယီ(၁၃)ရက် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့၌ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာတစ်ဦးထပ်မံတွေ့ရှိ
Jul 15,2021
ဟိုပန်မြို့၌ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဈေးရပ်ကွက်နေ အသက် ၂၁ နှစ်အရွယ်အမျိုးသား တစ်ဦးသည် ကိုဗစ်-၁၉ရောဂါလက္ခဏာသံသယတွေ့ရှိရသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် RDT Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းနှင့်ထိတွေ့မိသူ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦးတို့ကို ထပ်မံစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်နေမှုများအား ကွင်းဆင်း စစ်ဆေး
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့တွင် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ Positive လူနာတစ်ဦး ထပ်မံတွေ့ရှိ
Jul 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုက်ဖယ်ကျေးရွာ (ဟဲကေ) နေ အမျိုးသားတစ်ဦးသည် ယမန်နေ့နံနက်ပိုင်း က လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးသွားရောက် စစ်ဆေးမှုခံယူရာတွင် (RDT) Test Kit ဖြင့် စစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ Positive ပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့ ပြည်သူ့ဆေးရုံးကြီး၌ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများရှိ ကျန်းမာရေး ဝန်ထမ်းများအား အခြေခံစာ…
Jul 15,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါ ကုဆေး ရုံကြီးသို့ သွာရောက်၍ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ သွာရောက်ထောက်ပံ့၍ အားပေးစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်လုံမြို့၌ Quarantine Centre ဝင်ရောက်နေသူများအား ထောက်ပံ့ပေးအပ်
Jul 15,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယမန်နေ့နံနက် (၁၀)နာရီအချိန် က Quarantine ဝင်ရောက်နေသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးရုံး (ဝန်ထမ်းအိမ်ရာ) တွင် ဖွင့်လှစ်ထားသည့် Quarantine Centre ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26101
Page
26102
Page
26103
Page
26104
Current page
26105
Page
26106
Page
26107
Page
26108
Page
26109
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department