ကွတ်ခိုင်မြို့၌Covid-19ရောဂါ ကာကွယ်ရေးအသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကွတ်ခိုင် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့၌Covid-19ရောဂါ ကာကွယ်အသိပညာ ပေးနှိုးဆော်မှုများကို ယမန်နေ့ ညနေပိုင်းက မြို့အတွင်းလှည့်လည်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ Covid-19ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေမှာ လက်ရှိအခြေအနေအရတတိယ လှိုင်းအသွင် စတင်ဖြစ်ပွားနေသည်ဟု သုံးသပ်ရပြီး မျိုးရိုးဗီဇပြောင်းလဲလာသော ရောဂါပိုး ကူးစက်ဝင်ရောက်ပျံ့နှံ့မှုရှိကြောင်းCovid-19ရောဂါထိန်းချုပ်၊ကာကွယ်၊ကုသရေးကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှတာဝန်ရှိသူများသည်ယမန်နေ့ညနေပိုင်းကမြို့ ပေါ်ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် အသိပညာပေးနိုးဆော်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြည်သူများအနေဖြင့် အိမ်အပြင်ထွက်လျှင်ပါးစပ်နှာခေါင်းစည်းများ(Mask)ကိုစနစ်တကျ တပ်ဆင်ကြရန်၊လူစုလူဝေးအတတ်နိုင်ဆုံးရှောင်ကြဉ်ကြရန်၊အစည်းအဝေးအခမ်းအနားများ၊အလှူအတန်းများဆောင်ရွက်ခြင်း မပြုလုပ်ကြရန်၊ ဈေးရောင်းဈေးဝယ်သူများအနေဖြင့် Mask အားမဖြစ်မနေတပ်၍ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရောင်းချ ဝယ်ယူသွားခြင်းကို ဆောင်ရွက်ကြရန်၊ မလိုလားအပ်ပဲ ခရီးသွားလာခြင်းမပြုလုပ်ရန်၊ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကထုတ်ပြန်ထားသော လမ်းညွှန်ချက်အား တိကျစွာလိုက်နာကြရန်၊ Stay at Homeသတ်မှတ်ထားသော ဒေသများမှ လာရောက်သောခရီးသွားဧည့်သည်များနှင့် ယာဉ်မောင်း များအားလက်ခံခြင်းမပြုရန်နှင့် အမှန်တကယ်နေထိုင်မည်ဆိုပါက Quatantineအားသတ်မှတ် ကာလပြည့်မီအောင်ထားရှိပြီး Quatantineဝင်ရောက်လိုခြင်းမရှိပါက မူလနေထိုင်ရာဒေသသို့ ပြန်လည်နေထိုင်နိုင်ကြောင်း စသည့်တို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနိုင်စေရန် နိုးဆော် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း Covid-19ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည်မြို့ထွက်ရှိကျန်းမာရေး စစ်ဆေးရေး ဂိတ်တွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဌေးဌေး