Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးအတည်ပြုလူနာ(၂)ဦးထပ်မံတွေ့ရှိ
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံရှိ (COVID-19 Fever Clinic)သို့ ကျန်းမာရေးလာရောက်စစ်ဆေးရာ အမျိုးသမီး နှစ်ဦးထံက ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ အောက်ဆီဂျင်ထုတ်စက် ဝယ်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အောက်ဆီဂျင်ထုတ်စက် ဝယ်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးတွင် ကိုဗစ်-19ရောဂါကာကွယ်ရေးအတွက်ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်
Jul 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ကူးစက်မြန်ကိုဗစ်-19ရောဂါ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ကိုဗစ်-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များလှူဒါန်း
Jul 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကော်မတီသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ယနေ့နံနက် ၁၁ နာရီခန့်တွင် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များအား လိုအပ်သည့် နေရာများ၌ အသုံးပြု ဆောင်ရွက်နိုင်ရန်အတွက် လှူဒါန်းပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦး ၌ Covid 19 လူနာ (၄၅) ဦး ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း(၅၀၉)ဦးရှိ
Jul 14,2021
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့တွင် ယမန်နေ့က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံတွင်ပထမအကြိမ်နှင့် ၊ဒုတိယအကြိမ်PositiveContactအနံ့မရသူ၊ဖျား၊အမောဖောက်၊စုစုပေါင်း(၂၂၁)ဦးတို့အားCovidရောဂါပိုးရှိမရှိစစ်ဆေးရာဒုတိယအကြိမ်PositiveContact(၂၁)ဦးနှင့်ပထမအကြိမ်PositiveContact(၈)ဦး ၊ အနံ့မရသူ(၉)ဦး၊ ဖျား (၂)ဦး၊ အမောဖောက် (၅)ဦး၊ စုစုပေါင်း(၄၅) Positive တွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 14,2021
ဧရာဝတီတိုင်ဒေသကြီး၊ မြောင်းမြခရိုင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ PPE ဝတ်စုံများ ပေးအပ်လှူဒါန်း
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ယနေ့န ံနက်ပိုင်းကမြို့ နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမင်းမြတ်ဖုန်းမှ မြို့နယ်အတွင်းရှိ Volunteer ဆောင်ရွက်နေကြသည့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ သုခိတလူမှုကူညီရေးအသင်းအဖွဲ့များအား PPE ဝတ်စုံများကိုထောက်ပံ့ပေးအပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၃၇)ဦးထပ်မံတွေ့ရှိ
Jul 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သီရိသာသနာ့ဗိမာန်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးသံသယရှိသူများ၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်ဆံခဲ့သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် ယနေ့ နံနက် ၉ နာရီခွဲ အချိန်က စစ်ဆေးခြင်းကို ကျောက်ဆည်ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26102
Page
26103
Page
26104
Page
26105
Current page
26106
Page
26107
Page
26108
Page
26109
Page
26110
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department