အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀ နာရီက မိုးမောက်မြို့နယ် မံပုံကျေးရွာရှိ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ယာယီပူးပေါင်း စစ်ဆေးရေးဂိတ်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မိုးမောက်မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းတွင် အသုံးပြုနိုင်ရေး အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ရက်ချိန်းစေ့၍ ထိုးနှံရန်ကျန်ရှိသော  ဝန်ထမ်းများ၊ အသက်(၁၈) နှစ်ပြည့်ပြီး ဒေသခံပြည်သူ များအားယနေ့ နံနက် ၉ နာရီ အချိန်မှ စ၍ နေ့လည် ၁၂ နာရီအချိန်အထိ မြို့နယ် ပြည်သူ့ဆေးရုံတွင် ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်းအထူးကြပ်မတ်စီစဉ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 14,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ (၉)ဦး ထပ်မံတွေ့ရှိခဲ့ပြီး (၁၃)ဦးဆေးရုံဆင်းခွင့်ရရှိကာ (၂)ဦးသေဆုံးခဲ့ပြီး၊ (၂၆)ဦး ဆေးကုသမှုခံယူ လျက်ရှိကာ စုစုပေါင်းပိုးတွေ့လူနာ (၄၁)ဦးရှိပြီဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
Jul 14,2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ဇူလိုင် ၁၃ရက်နေ့တွင် နေမကောင်းဖျားနာပြီး သံသယရှိသူ စုစုပေါင်း(၁၂)ဦးအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ Positive ကျား(၆)ဦး၊ မ(၄)ဦး စုစုပေါင်း(၁၀)ဦး ထပ်မံတွေ့ရှိပြီး (၂၄)ဦး ထပ်မံ ဆေးရုံဆင်းခွင့်ရရှိပြီး ကျား(၂)ဦး သေဆုံးကြောင်း မြို့နယ် ကိုဗစ်-၁၉ ကော်မတီမှ သိရသည်။
Jul 14,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာက ပဒါန်းကျေးရွာအုပ်စု ပဒါန်းကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာအသုံးပြုနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း စင်မြင့်ရေစင်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက် ထားရှိမှု အခြေအနေကို ယနေ့နံနက် ၁၀ နာရီအချိန် က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံ​တေးမြို့နယ် မြို့‌ပေါ်ရပ်ကွက်များသို့ မြို့နယ်သံဃနာယကအဖွဲ့မှ ဆရာတော်များက ယမန်နေ့ ညနေ ၄နာရီခွဲအချိန်က မြန်မာနှစ် သစ်ကူး အန္တရာယ်ကင်းပရိတ်‌တရားတော်များ ရွတ်ဖတ်ပူ‌ဇော်ခဲ့ကြောင်း သိရသည်။
Jul 14,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် ၊ မိုးရာသီ မြစ်/ချောင်း ကမ်းပါးပြိုကျမှု ကာကွယ်ရေးစီမံချက်ဖြင့် ယနေ့နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ် သမင်ခြံကျေးရွာရှိ ဒေသခံပြည်သူများ မုန်းချောင်းကမ်းပါးပြိုကျမှုအန္တရာယ်ကင်းဝေးစေရေးအတွက် ဒေသခံပြည်သူ လူထုနှင့် ပူးပေါင်းပြီး မုန်းချောင်းကမ်းပါး တစ်လျှောက် ဗာတီဗာမြက်ပျိုးပင်များ စုပေါင်း စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။