ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာ(၈)ဦး ထပ်မံတွေ့ရှိ

ဒေးဒရဲ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာများနှင့် ထိတွေ့ခဲ့သူများနှင့် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့ပျောက်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လျက်ရှိသူ(၁၁)ဦးအား ယနေ့နံနက်ပိုင်းက  RDT test kits ဖြင့် စစ်ဆေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။

အဆိုပါ ကိုဗစ်-၁၉ Positive လူနာများမှာ ဘုရားလမ်းသစ်တွင် နေထိုင်သူများ ဖြစ်သည့် အသက်(၄၀)နှစ် အရွယ် အမျိုးသား(၁)ဦး (DDY ကားဂိတ်မှူး)၊ အသက်(၃၉)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက်(၁၃) နှစ်အရွယ် ကလေး(၁)ဦး၊ မြို့နယ်ထွေအုပ်ရုံးတွင် အလုပ်လုပ်ကိုင်သူ ဘုရားကြီးကွက်သစ် ဘီလမ်းနေ အသက်(၃၈)နှစ်အရွယ် အမျိုးသား(၁)ဦးနှင့် အသက်(၂၇)နှစ်အရွယ် အမျိုးသား(၁)ဦး၊ မြတ်လေးလမ်းတွင် နေထိုင်သူများဖြစ်သည့် အထက(ခွဲ) ကျုံသင်ကျေးရွာတွင် တာဝန်ကျသည့် အသက် (၃၀)နှစ်အရွယ် ကျောင်းဆရာ(၁)ဦး၊ အသက်(၆၂)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ ဘုရားကြီးကွက်သစ် (၅)လမ်းနေ အသက်(၂၂)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၈)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာများအား ဒေးဒရဲမြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် သာသနာ့ဗိမာန် (ယာယီဆေးရုံ) တို့တွင် ထားရှိ၍ ကျန်းမာရေး စောင့်ရှောက် ပေးသွားမည်ဖြစ်ပြီး ဒေးဒရဲမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ Positive လူနာစုစုပေါင်း (၁၀၇)ဦး ရှိလာပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။

မြင့်မြင့်ခိုင်