ဖြူး ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက ကညွှတ်ကွင်းမြို့ ကွင်းအနောက် အမှတ် (၂) ရပ်ကွက် ၊ စျေးတန်းဟောင်း ၊ ရွာမ ၊ ဗိုလ်တဲကျေးရွာတို့၌ ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်အဆင့် ကိုဗစ်- (၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် နှင့် စေတနာရှင် အလှူရှင်များ စုပေါင်း၍ ပိုးသတ်ဆေးဖျန်းစက်များဖြင့် လူနေအိမ်များ ၊ ခြံဝန်းများ ၊ ဆိုင်ခန်းများ၊ အများသုံးနေရာများ၌ ပိုးသတ်ဆေးဖျန်းခြင်းများကို ပရဟိတအဖွဲ့များက လိုက်လံဆေးဖျန်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်