မြစ်သား ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃ ဒေါ်မြမြမွန်က ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြည်သူများ နေ့စဉ်အစားအစာများ မှီဝဲသုံးစွဲရာတွင် ကျန်းမာရေး အန္တရာယ် ကင်းဝေးစေရေးနှင့် အာဟာရမျှတစွာ စားသုံးနိုင်စေရန် ကျန်းမာရေး အသိပညာပေး ဆောင်ရန်/ရှောင်ရန် အချက်များအား ရှင်းလင်းပြောကြားပြီး တိုင်းရင်းဆေးပညာ ဦးစီးဌာန မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းက ချဉ်ပေါင်နှင့် မြန်မာ့ဆေးစွမ်း ခေါင်းစဉ်ဖြင့် မြန်မာပြည်တွင် ချဉ်ပေါင်ခါး၊ ချဉ်ပေါင်ဖြူ၊ ချဉ်ပေါင်နီလက်ချားဟူ၍ သုံးမျိုးရှိကြောင်း၊ အဆိုပါချဉ်ပေါင်းတစ်မျိုးစီ၏ ဆေးဖက်အသုံးဝင်မှုများ၊ ချဉ်ပေါင်နှင့် သိပ္ပံဆေးစွမ်း အကျိုးပြုပုံများနှင့် ချဉ်ပေါင်စားသုံးခြင်းဖြင့် ကလေးငယ်များ ဖွံ့ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်းစသည့်ဖြင့် ကောင်းကျိုးပြုပုံများ၊ ချဉ်ပေါင်သည် ဘေးထွက်ဆိုးကျိုး အလွန်နည်းပါးပြီး ဆယ့်နှစ်လ ရာသီပတ်လုံး အလွယ်တကူရရှိနိုင်ခြင်းကြောင့် ပြည်သူများ အနေဖြင့် ချဉ်ပေါင်ရွက်ကို စားသုံးပေးကြရန်လိုကြောင်း ရှင်းလင်း ဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)