သုံးခွ ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေအထိ ကျန်းမာရေးကောင်းမွန်သူ (၁၃) ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ဆေးရုံ၀င်းအတွင်းနှင့် မိုးကုတ်ဝိပဿနာ Quarantine Centerတွင် ကိုဗစ်-၁၉ positive လူနာသီးသန့်ထားရှိ သောနေရာများမှ ကျန်းမာရေးကောင်း မွန်သူ (၁၃) ဦးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေး ထောက်ခံချက် ဆေးလက်မှတ်များ ပေးအပ်ကာ မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် ၃ရက်နှင့်၅ရက်ကြားသိသန့်နေထိုင် စေရန်နှင့် အားရှိသည့်အစားအစားများစားသောက်ရန်၊အိပ်ရေး၀၀အိပ်ရန်၊စသည့်ကျန်းမားရေးအသိပညာပေး စကားများကို မြို့နယ်ဆရာ၀န်ကြီးက ပြောကြားပေးခဲ့သည်။
သုံးခွမြို့နယ်တွင် ဇူလိုင် ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၁၁) ဦး ရှိပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၁၃) ဦးနှင့် သေဆုံးသူ ၃ ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။