အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးခြင်းနှင့် တိုက်ခြင်းလုပ်ငန်းများအား ယနေ့ နံနက် ၉ နာရီအချိန်မှ စ၍ မိခင်နှင့် ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 06,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 06,2020
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ပျော့ရွာကျေးရွာအနီး ယနေ့ နေ့လယ်ပိုင်းက လိုက်ထရပ်ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။
Aug 06,2020
ကယားပြည်နယ် လွိုင်ကော်မြို့၌ COVID- 19 ချေးငွေ ဒုတိယအကြိမ် ချထားမှုအတွက် လိုအပ်သည့် အချက်အလက်များ
Aug 06,2020
(၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများအကြောင်းကို ပြည်သူများ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်နိုင်စေနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်ဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာပေးစာစောင်များကို ပြသခဲ့သည်။
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ကြာအင်းကျေးရွာအုပ်စု စိန်ကလေးကျေးရွာနှင့် ညောင်ပင်သာကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာတို့တွင် ယနေ့နံနက် ၅ နာရီအချိန်မှ ၁၁ နာရီအချိန်အတွင်း ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်(၁၉)လုံးနှင့် ဓမ္မာရုံ (၁) ခုကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
Aug 06,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၇) ရက်ထိ ကြေညာပေးလျက်ရှိရာ အဆိုပါ