အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို မိုင်းဖြတ်မြို့၊ မြန်မာ့စာတိုက်လုပ်ငန်း၌ ရုံချိန်အတွင်း လာရောက်လျှာက်ထားနိုင်ကြောင်းသိရသည်။
Jul 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုက်ဖယ်ကျေးရွာ (ဟဲကေ) နေ အမျိုးသားတစ်ဦးသည် ယမန်နေ့နံနက်ပိုင်း က လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးသွားရောက် စစ်ဆေးမှုခံယူရာတွင် (RDT) Test Kit ဖြင့် စစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ Positive ပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အပြင်ထွက်သွား လာသည့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာကြရန် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းက နမ့်မိန်ချောင်းတံတားလမ်းဆုံ၌ ကြပ်မတ်စစ်ဆေးခဲ့ကြသည်။
Jul 15,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယမန်နေ့နံနက် (၁၀)နာရီအချိန် က Quarantine ဝင်ရောက်နေသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးရုံး (ဝန်ထမ်းအိမ်ရာ) တွင် ဖွင့်လှစ်ထားသည့် Quarantine Centre ၌ ပြုလုပ်ခဲ့သည်။
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လျက်ရှိ သည့်အတွက် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များအတွက် အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေး ဓမ္မဝိဇယ လူမှုကူညီရေး အသင်းမှ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်း က မြို့နယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးလာရောက်စစ်ဆေးရာ အမျိုးသမီးနှစ်ဦးထံ က ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက်ပိုင်းအချိန်က မြို့မိမြို့ဖများမှ အရေးပေါ်လူနာများအတွက် အောက်စီဂျင်အသက်ရှုစက်နှင့် ကုတင်များကို လာရောက်လှူဒါန်းခဲ့ကြသည်။
Jul 15,2021
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး Third Wave တွင် ကူးစက်မှုများ မြင့်မား ကာ ယမန်နေ့ညနေပိုင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၄၈၃)ဦး ထပ်မံကူးစက်ခံရပြီး တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း(၃၂၃၇)ဦး အထိရှိလာကြောင်း သိရသည်။