အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံ​တေးမြို့နယ် မြို့‌ပေါ်ရပ်ကွက်များသို့ မြို့နယ်သံဃနာယကအဖွဲ့မှ ဆရာတော်များက ယမန်နေ့ ညနေ ၄နာရီခွဲအချိန်က မြန်မာနှစ် သစ်ကူး အန္တရာယ်ကင်းပရိတ်‌တရားတော်များ ရွတ်ဖတ်ပူ‌ဇော်ခဲ့ကြောင်း သိရသည်။
Jul 14,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် ၊ မိုးရာသီ မြစ်/ချောင်း ကမ်းပါးပြိုကျမှု ကာကွယ်ရေးစီမံချက်ဖြင့် ယနေ့နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ် သမင်ခြံကျေးရွာရှိ ဒေသခံပြည်သူများ မုန်းချောင်းကမ်းပါးပြိုကျမှုအန္တရာယ်ကင်းဝေးစေရေးအတွက် ဒေသခံပြည်သူ လူထုနှင့် ပူးပေါင်းပြီး မုန်းချောင်းကမ်းပါး တစ်လျှောက် ဗာတီဗာမြက်ပျိုးပင်များ စုပေါင်း စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြိုနယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှု ဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်း များအား ဒုတိယ အကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီ အချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အတည်ပြုလူနာတစ်ဦး ယနေ့တွင် ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Jul 14,2021
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပညာပေးဟောပြောခြင်း၊ အထောက်အကူပစ္စည်းများ လိုက်လံဝေငှခြင်း ဆောင်ရွက်နေသည့် တာဝန်သိပြည်သူ များအား နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ဆင်ခြင်တုံတရားမဲ့စွာဖြင့် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်  Oxygen Plant ဝယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
Jul 14,2021
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ကူးစက်မြန် ကပ်ရောဂါသည် ယခုအခါ မြန်မာနိုင်ငံ တွင်ကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားလျက်ရှိပြီး တတိယလှိုင်းအသွင်စတင်ဖြစ်ပွားလျက်ရှိသည့် အပြင် မျိုးဗီဇပြောင်းကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါလည်း ကူးစက်ပြန့်ပွားလျက်ရှိကြောင်း ဓာတ်ခွဲအတည် ပြုချက်များအရ သိရသည်။
Jul 14,2021
ဟိုပန်မြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများ သီးခြားထားရှိ၍ ကုသမှုပေးနိုင်ရန် အတွက် ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် Facility Quarantine Centre ဆောင်ရွက်နေမှုအခြေအနေကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များမှ ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်မှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။