အမာ ဇူလိုင် ၁၄
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ မြို့မ(၁)ရပ်ကွက်နှင့် တယ်ပင်ဆိပ် ကျေးရွာတို့တွင် ယနေ့ နေ့လည်က ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရသူ(၂)ဦး ထပ်တိုးတွေ့ရှိကြောင်း အမာမြို့၊ ကျန်းမာရေး စောင့်ရှောက်မှု ကော်မတီထံမှ သိရသည်။
အဆိုပါပိုးတွေ့ အတည်ပြုလူနာ(၂)ဦးမှာ အမာမြို့ (၁)ရပ်ကွက်မှ အသက်(၅၀) နှစ်အရွယ် ကျား ၁ ဦး၊ တယ်ပင်ဆိပ်ကျေးရွာမှ အသက်(၄၀)နှစ်အရွယ် ကျား(၁)ဦး တို့ဖြစ်ကြပြီး ယနေ့အထိ အမာမြို့၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ(၁၁)ဦးရှိကြောင်း သိရသည်။
အဆိုပါပိုးတွေ့လူနာများအား အမာမြို့၊ ပြည်သူ့ဆေးရုံတွင် ကုသပေးလျက်ရှိပြီး ၄င်းတို့နှင့် ဆက်စပ် ထိတွေ့ခဲ့သူများအား အသွားအလာ ကန့်သတ်ထားရှိကာ လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)