လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ပိုးသတ် ဆေးဖြန်းခြင်းဆောင်ရွက်

လှည်းကူး ဇူလိုင် ၁၄

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ကူညီလုပ်ဆောင်ပေးနေသည့် "ကရုဏာရှင်" အခမဲ့နာရေးကူညီမှုအသင်းက မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ပိုးသတ်ဆေး ဖြန်းခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အသင်းက လှည်းကူးမြို့ပေါ်ရှိ ပါရမီရိပ်သာရပ်ကွက်၊ ရွှေမြင့်မိုရ်လမ်း၊ သာသနာ့ရိပ်သာ ရပ်ကွက်၊ရုံးဟောင်း လမ်း၊ ဆန်စက်ပိုင်းလမ်းနှင့်ပြည်တော်သာရပ်ကွက်၊ (၉)လမ်းတို့တွင် လမ်းမများနှင့် နေအိမ်အဆောက်အဦးအချို့အား ပိုးသတ်ဆေးဖြန်းပေးခြင်း ဖြစ်ကြောင်း သိရ သည်။

 

လတ်တလော  ဖြစ်ပွားနေသည့် ကိုဗစ်-၁၉  ကူးစက်ရောဂါ ဖြစ်ပွားမှုအခြေအနေအရ မိမိတို့ ရပ်ကွက် /လမ်းမ၊လမ်းသွယ်များအတွင်း  ပိုးသတ်ဆေးဖြန်းရန်  လိုအပ်ပါက  သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၊ ရာအိမ်မှူး အဖွဲ့ များမှ အဆိုပါအသင်းထံသို့ တိုက်ရိုက် ဆက်သွယ်၍``အခမဲ့´´ အကူအညီတောင်းဆို နိုင်ကြောင်း သိရသည်။