ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာသစ်(၁၄)ဦး ထပ်မံတွေ့ရှိ

ဖျာပုံ ဇူလိုင်  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဖျားနာခြင်း၊ ကိုယ်ပူခြင်း၊ ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့ခဲ့ခြင်းတို့ကြောင့် ဖျာပုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် RDTဖြင့်စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့လူနာသစ်(၁၄)ဦး  ထပ်မံတွေ့ရှိခဲ့ကြောင်း  သိရှိရသည်။  

အဆိုပါ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ လူနာသစ်(၁၄)ဦးမှာ ဖျာပုံမြို့နယ်၊အမှတ်(၁)ရပ်ကွက်မှ မ(၁)ဦး၊ အမှတ်(၆)ရပ်ကွက်မှ ကျား(၁)ဦး၊မ(၁)ဦး၊အမှတ်(၁၂)ရပ်ကွက်မှ ကျား(၁)ဦး၊ အမှတ်(၁၃)ရပ်ကွက်မှ ကျား(၁)ဦး အမှတ်(၁၄)ရပ်ကွက်မှ မ(၁)ဦး၊ အမှတ်(၁၅)ရပ်ကွက်မှ ကျား(၁)ဦး၊ မ(၁)ဦး၊ အမှတ်(၁၇)ရပ်ကွက်မှ ကျား(၁)ဦး၊ ကျုံကျိုက်ကျေးရွာအုပ်စုမှ မ(၁)ဦး၊ လက်ပံကျေးရွာအုပ်စုမှ ကျား(၁)ဦး၊ မ(၁)ဦးနှင့်ဖျာပုံမြို့နယ် အမာမြို့၊ နောက်မီးကျေးအုပ်စုမှ  ကျား(၁)ဦး၊ မ(၁)ဦး စုစုပေါင်း ပိုးတွေ့လူနာ(၁၄)ဦးဖြစ်ပြီး  ဖျာပုံမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ဆေးကုသမှုခံယူသူ လူနာစုစုပေါင်း(၉၈)ဦးနှင့်  မြို့နယ်အတွင်း Facility Quarantine၊ အသွားအလာ ကန့်သတ်စောင့်ကြည့် ခံထားရသူ စုစုပေါင်း(၄၅)ဦး၊ နေအိမ်အတွင်း အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ (၅၀)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ  သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အောင်ဝင်းနိုင်