တနင်္သာရီ-ဇုလိုင်လ ၁၄
တနင်္သာရီတိုင်းဒေသကြီး ၊ တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု-တကူ(စံပြ)တိုက်နယ်ဆေးရုံ Fever Clinic တွင် ဇူလိုင်လ ၁၄ရက်နေ နံက်၉နာရီအချိန်က သာရဘွင်ကျေးရွာအုပ်စု၊ သာရဘွင်ကျေးရွာနှင့် တကူကျေးရွာအုပ်စု-ဝမ်းနာရွာမှ အမျိုးသမီး(နှစ်)ဦးက နှာစေးချောင်းဆိုး၍ဖျားနေသဖြင့်လာရောက်ပြသရာတိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်၏ ဦးဆောင်မှုဖြင့် (COVID-19) ရောဂါပိုးရှိ/မရှိ Covid-19 Antigen test ဖြင့် စစ်ဆေးရာ ဝမ်းနာကျေးရွာမှအသက်(၃၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် ရောဂါပိုးအတည် ပြုတွေ့ရှိခဲ့သဖြင့် ၎င်းအမျိုးသမီးအား တကူတိုက်နယ် ဆေးရုံဝင်းအတွင်းရှိ ဇီဝိတသံဃာ့ဆေးရုံ (Facility Quarantine Center) အတွင်း (၁၄)ရက်အကြာသွားအလာကန့်သတ်ထားရှိ၍ နေ့စဉ်ကိုယ်အပူချိန်တိုင်းပေးခြင်း၊အောက်ဆီဂျင်တိုင်းခြင်းတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပိုးတွေ့လူနာနှင့် အတူနေမိသားစုဝင်စုစုပေါင်း (၇)ဦးကိုလည်း ဝမ်းနာကျေးရွာရှိ ၎င်းတို့၏နေအိမ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များ နှင့်အညီ (Facility Quarantine) အသွားအလာကန့်သတ်၍( Home Quantine ) (၁၄)ရက်အကြာ ကျန်းမာရေးစောင့်ကြည့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါရောဂါပိုးတွေ့ရှိသူ အမျိုးသမီးသည် ၎င်း၏အမျိုးသားမှာ ရေလုပ်သားတစ်ဦးဖြစ်ပြီး လှေ ထွက်ရန်ရှိသဖြင့် ဝမ်းနာကျေးရွာနေအိမ်မှ ဇူလိုင်လ(၇)ရက်က မြိတ်မြို့သို့ လိုက်ပါပို့ဆောင်၍ မြိတ်မြို့ တိုးချဲ့(၅)လမ်းသွယ်ရှိအဒေါ်ဖြစ်သူ၏နေအိမ်တွင် (၄)ညတိတိတည်းခိုခဲ့သည်။ ထိုသို့ တည်းခိုနေစဉ်အတွင်း တိုးချဲ့ဈေးသို့(၂)ရက်ဈေးဝယ်သွားခဲ့ပြီး၊ ဇူလိုင်လ(၁၁)ရက်နေ့တွင် မြိတ်မြို့မှ ဝမ်းနာရွာနေအိမ်သို့ပြန်လာခဲ့ခြင်းဖြစ်ကြောင်း၊ အခြားခရီးစဉ်မရှိခဲ့ကြောင်း၊ ၎င်းနေအိမ်ရောက်၍ ဇူလိုင်လ(၁၂ရက်နှင့်၁၃)ရက် နှစ်ရက်ဆက်တိုက် နာစေးချောင်းဆိုး၍ ကိုက်ခဲနာကျင်မှု ဖြစ်သဖြင့် ယနေ့တွင် တကူတိုက်နယ်ဆေးရုံသို့ လာရောက်ပြသရာတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း တာဝန်ခံဆရာဝန် Dr.ဖြိုးမြင့်ကြည်ထံက သိရှိရသည်။
နန်းသာရီ~ထိန်ဝင်း