ဟိုပုံး ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ပေါင်လင်း ကျေးရွာအုပ်စု၊ တွံ့တီးကျေးရွာတွင် နေထိုင်သော အမျိုးသမီးတစ်ဦး သည် ယနေ့နံနက်(၁၁)နာရီအချိန်က RDT-Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာအမျိုးသမီးသည် ဇူလိုင်လ(၁၂)ရက် နံနက်(၁၀) နာရီ အချိန်တွင် မူဆယ်-လားရှိုး-တောင်ကြီး ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းဖြင့် ပြန်လာပြီး တောင်ကြီးမှ ဟိုပုံးသို့ အစ်ကိုဖြစ်သူနှင့် ဆိုင်ကယ်ဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ အမျိုးသမီးသည် နေထိုင်မကောင်းသဖြင့် ဟိုပုံးပြည်သူ့ ဆေးရုံကြီးသို့ လာရောက်ပြသရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ အမျိုးသမီးအား သာသနာ့ဗိမာန် Quarantine Center မှ မြို့နယ်ပြည်သူ့ဆေးရုံကြီး၏ Covid Isolation Ward သီးသန့်ကြပ်မတ်ဆောင်တွင် ပြောင်းရွေ့ ကုသလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် အစ်ကိုဖြစ်သူအား နေအိမ်တွင် အသွားအလာကန့် သတ်စောင့် ကြည့်လျက်ရှိပြီး ဇူလိုင်(၁၅)ရက်နေ့တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၁၈)ဦးရှိပြီး တစ်ဦးသေဆုံး၊ လေးဦး ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။
ဟိုပုံး(ပြန်/ဆက်)