နောင်ချို ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့က ကိုဗစ်- ၁၉ရော ဂါပိုးတွေ့အတည်ပြုလူနာ ၁၄ ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ကိုဗစ်- ၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီထံမှသိရသည်။
နောင်ချိုမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးရှိကြောင်းစိစစ်တွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများကို နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံနှင့် သုံးဆယ်တိုက်နယ်ဆေးရုံတွင် Rapid Test ဖြင့် စစ်ဆေးလျက်ရှိရာ ၁၃- ၇-၂၀၂၁ရက်နေ့တွင် လူဦးရေ ၄၆ဦးကိုစစ်ဆေးရာတွင် အမျိုးသား ၉ ဦး၊အမျိုးသမီး ၅ ဦး စုစုပေါင် ၁၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိရကြောင်း ၊အဆိုပါပိုးတွေ့လူနာများအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ၊ သုံးဆယ်တိုက်နယ်ဆေးရုံရှိသီးခြားကုသဆောင်နှင့်နောင်ချိုမြို့မြနန်းတော်ဝင်ခန်းမတို့တွင်ကြပ်မတ် ကုသနိုင်ရန် သီးခြားဆောင်ရွက်ထားရှိပြီး ပိုးတွေ့လူနာများနှင့်ထိတွေ့ဆက်စပ်ခဲ့သူများအား ၎င်းတို့၏နေအိမ်အသီးသီးတွင် ကိုဗစ်-၁၉ဆိုင်ရာကျန်းမာရေးညွှန်ကြားချက်နှင့်အညီ အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ဇူလိုင် ၁၃ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာပေါင်း ၄၆၃ ဦးရှိပြီး သေဆုံးသူ ၉ ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။
ထွေးငယ်