အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးတင်သန်းဝင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ လိုက်ပါလျှက် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် မုံရွာမြို့၊ ပြည်သူ့အားကစား ကွင်းအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူများနှင့် ထိစပ်ခဲ့သူများထားရှိမည့် Quarantine Center သို့ရောက်ရှိကြသည်။
Jul 15,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်က လေပြင်း တိုက်ခတ်မှုကြောင့် တာချီလိတ် အခြေခံပညာအထက်တန်းကျောင်းတွင် ပျက်စီးမှုများရှိခဲ့ ကြောင်းသိရသည်။
Jul 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့က တည်းခိုခန်းနှင့် လူအသွားအလာများသောနေရာတို့တွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဇူလိုင်၁၄ ရက်က ကိုဗစ်-၁၉ရောဂါပိုးရှိသူ (၁၂)ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အစိုးရဌာနဆိုင်ရာရုံးဝင်းနှင့်မြို့ပေါ် ရပ်ကွက်အချို့၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းများကို ယမန်နေ့က တာလေမြို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လောကပါလ လူမှုကူညီရေးအသင်းတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 15,2021
ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (၇/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး အတွက် ပြည်သူများ Mask တပ်ဆင်ရန် အသိပညာပေး ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။