Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အမ်းမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြှင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ
Sep 17,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြှင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲကို ယနေ့ရက် နံနက်(၉) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတောင်းမြို့၌ 100KVA နှင့် 200KVA Transformer များတပ်ဆင်ပြီးစီး
Sep 17,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ၏ရန်ပုံငွေဖြင့် 100KVA နှင့် 200KVA Transformer များကို မြို့ပေါ် ရပ်ကွက်များ၌ တပ်ဆင်ဆောင်ရွက်ပြီးစီးကြောင်း ကျိုင်းတောင်းမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူမြို့၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း ဆင်းပွဲတက်ရောက်
Sep 17,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ကျေးရွာပြည်သူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 17,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလယ်ကျေးရွာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အသက် ၁၈ နှစ်နှင့်အထက် ဆရာတော် သံဃာတော်များ၊အသက် ၆၅ နှစ်နှင့်အ ထက် အသက်အရွယ်ကြီးရင့်သူများ၊ ပရဟိတ လုပ်ငန်းဆောင်ရွက်နေသူများနှင့် ကျေးရွာပြည်သူများအား ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက်နံနက် ၁၀ နာရီက မလယ်ကျေးရွာ စိန်ပန်းကျောင်းတိုက်၌ ၃၅၉ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 17,2021
နယ်စပ်ဒေသဖြစ်သော မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက် များအတွင်းသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လိုက်လံနှိုးဆော် ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးအား ဒုတိယရက်ထိုးနှံပေး
Sep 17,2021
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့၊ တပ်ကုန်းတပ်နယ်မှ ဆေးထိုးအဖွဲ့တို့ဖြင့် ကိုဗစ်ကာကွယ်ဆေးအား ဒုတိယရက်ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက တပ်ကုန်းမြို့၊ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဝန်း၊ ကာကွယ်ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်း စကားသံများ
Sep 17,2021
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့ပေါ်၊ ရပ်ကွက်များ သာမက ကျေးရွာများအထိ သတ်မှတ်စုရပ်များအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန် လာသည့်သူများ၏ ရင်တွင်းစကားသံများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်-
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် မိုးများရွာသွန်းနေ၍ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၂ ဒသမ ၇ ပေခန့် ဆက်လက် ရေကျော်ကျနေ
Sep 17,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း နေ့စဉ်မိုးများရွာသွန်းနေသဖြင့် ဒေသခံ တောင်သူများ စိုက်ပျိုးရေအတွက် မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုရှိနေပြီး ယနေ့ မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်မှတ် ဖြစ်သည့် ၃၄၀ ပေ အထက် တမံရေပိုလွှဲမှ ၂ ဒသမ ၇ ပေခန့် ဆက်လက် ရေကျော်ကျ လျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25519
Page
25520
Page
25521
Page
25522
Current page
25523
Page
25524
Page
25525
Page
25526
Page
25527
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department