Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြင်ဦးလွင်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 18,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှ စတင်ပြီး ရပ်ကွက်ကြီး (၁) ရှိ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း၌ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာရေကျော်ချောင်းတွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွား
Sep 18,2021
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်တွင်ယမန်နေ့ကမိုးရွာသွန်းမှုကြောင့် လေးအိမ်ကျေးရွာ မိုင်တိုင် အမှတ် (၅၆/၂)နှင့် (၅၆/၃) ကြား အလျား(၁၀၀)ပေခန့်ကျယ်သော ချောင်းတွင်ရေစီးသန်၍ မန္တလေးဘက်မှ တောင်တွင်းကြီးဘက်သို့ ကွမ်းသီးခြင်းများ သယ်ဆောင်လာသော မော်တော်ယာဉ်သည် ရေကျော်အားဖြတ်သန်းမောင်းနှင်စဉ် ရေမျှောပါသွားပြီး တိမ်းမှောက်သွားကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေ…
Sep 17,2021
ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့ နံနက် (၉) နာရီအချိန်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေစကြိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းကောက်ဆည် ကျိုးပေါက်ခဲ့သဖြင့် အိမ်ထောင်စု ၄၀ စု ပြောင်းရွှေ့ထားရ
Sep 17,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စက်တင်ဘာလ ၁၆ ရက်နေ့၊ ည ၉ နာရီအချိန်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းလျက်ရှိရာ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် မိုးကြီးမှုကြောင့် ရေစကြိုမြို့နယ်၊ ဆားလင်းကုန်းကျေးရွာအုပ်စု၊ အညာတောကျေးရွာရှိ ချောင်းကောက်ဆည် ရေတံခါးအနီး တာပေါင် အလျား ၃၀ ပေ၊ အနံ ၁၅ ပေခန့်ကျိုး ပေါက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်၌ အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယနေ့ဆက်လက်ထိုးနှံပေး
Sep 17,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တတိယအသုတ် အနေဖြင့် အသက်(၅၅)နှစ်အထက်ရှိသူများ၊ ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ချက်နှင့် ကိုက်ညီ သူများအား စက်တင်ဘာလ(၁၇)ရက် နံနက်(၈)နာရီအချိန် မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်(၉)နေရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၉၇၄)လုံးရရှိပြီး တစ်လုံးလျှင်(၅)ဦးနှုန်း ဖြင့် လူဦးရေ(၄၈၇၀)ဦးအတွက် ဒုတိယနေ့အဖြစ် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့၌ ဆေးထိုးနှံရန် ကျန်ရှိသောပြည်သူများအား (Sinopharm) ကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေးလျက်ရှိ
Sep 17,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ပြည်သူများအား (Sinopharm) ကိုဗစ်ကာကွယ်ဆေး ဆေးများပထမအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက သတ်မှတ်စုရပ်နေရာများ၌ ကျန်းမာ ရေးဝန်ထမ်းများနှင့် အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ် တပ်မတော်သူနာပြုတပ်ဖွဲ့မှ ဆရာဝန် များနှင့်သူနာပြုတပ်ဖွဲ့တို့ပူးပေါင်းကာ ကိုဗစ်ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအီမြို့၊ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ လူနာများ အသုံးပြုနိုင်ရန်အတွက် စေတနာရှင်၊ အလှူရှင်များထံမှ PPEဝတ်စုံ…
Sep 17,2021
ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ လူနာများ အသုံးပြုနိုင်ရန်အတွက် စေတနာရှင်၊ အလှူရှင်များ အသီးသီးထံမှ လှူဒါန်းသော PPE ဝတ်စုံ အပါအဝင် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများနှင့် BRAND ငှက်သိုက် အားဆေးများကို သဟာယကလူမှုကူညီရေးအသင်း(မအီ) ဒုတိယဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် စေတနာ့ဝန်ထမ်းများက ပြည်သူ့ဆေးရုံ(မအီ)သို့ ယနေ့ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြရာ မအီတိုက်နယ် ဆရာဝန် ဒေါက်တာမင်းနိုင်ကျော်က လက်ခံရယူခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ခေါဇာမြို့ ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ အမှတ်(၉)တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလာရောက် ထိုးနှံသူ ယခင်နေ့ထက်ပိုများလာ
Sep 17,2021
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ခေါဇာမြို့ ကာကွယ်ဆေးထိုးနှံရေးအဖွဲ့အမှတ်(၉) တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျှက်ရှိရာ ယခင်နေ့ ကကာကွယ် ဆေးလာ ရောက်ထိုးနှံသူ (၁၂၆) ဦးသာရှိသော်လည်းယနေ့တွင်လာရောက်ထိုးနှံသူ(၃၄၀)ဦးထိရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25517
Page
25518
Page
25519
Page
25520
Current page
25521
Page
25522
Page
25523
Page
25524
Page
25525
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department