Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု တောင်ပေါ် တိုင်းရင်းသားကျေးရွာ(၂၇) ရွာရှိ အိမ်ထောင်စုပေါင်း(၁၂၀၀)စုအတွက် အခြေခံစားသောက်ကုန်များသွားရောက် ထော…
Sep 17,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊မိုင်းဟဲ ကျေးရွာအုပ်စု တောင်ပေါ်ကျေးရွာ(၂၇)ရွာရှိ အိမ်ထောင်စုပေါင်း( ၁၂၀၀)စု အတွက် အခြေခံစားသောက်ကုန်များကို မိုးမိသားစု ကုမ္ပဏီနှင့် ရွှေမိုင်းဟဲ မိသားစုတို့မှ ယနေ့နေ့လည်ပိုင်းက သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများပြုလုပ်ဆောင်ရွက်ပေး
Sep 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဩဂုတ်လ (၃၁)ရက်နေ့မှစတင်၍ ယနေ့နံနက်ပိုင်းအထိ သီပေါမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပန်းခင်းစီမံချက်အရ ဆောင်ရွက်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း အဆိုပါ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်
Sep 17,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့် ပွားခြင်းမှ ကာကွယ်ထိန်း ချုပ်နိုင်ရေး အတွက် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများ ပူးပေါင်း အဖွဲ့ကကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း လုပ်ငန်းကို ယမန်နေ့ညနေ (၆) နာရီခန့်က မီးသတ် ယာဉ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်များ လှူဒါန်း
Sep 17,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းပြီး နတ်မောက်မြို့နယ်အတွင်းရှိ သီတင်း သုံးတော်မူကြသည့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်များ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရှိ ဘုန်းတော်ကြီးကြောင်းများနှင့် သီလရှင် ကျောင်းများသို့ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြိုနယ်တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးလျက်ရှိ
Sep 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ယနေ့ နံနက်ပိုင်းက စေတနာ၊ နာရေးကူညီမှုအသင်းရုံးရှေ့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ၊ မရှိ RDT ဖြင့် စျေးသွားစျေးလာ ပြည်သူ(၅၃)ယောက်အား စစ်ဆေးရာ (၃)ယောက်ပိုး တွေ့ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Sep 17,2021
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီမှ စ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Health and Safety Protocol Certified Business အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲကျင်းပ
Sep 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ Royal Taunggyi Hotel ၌ ယနေ့ နံနက်(၁၀)နာရီက HSP Certified Business အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စက်မှုဇုံပြင်ပ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (စတုတ္ထနေ့) ဆက်လက် ထိုးနှံပေးလျက်ရှိ
Sep 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက် ရှိရာ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် စက်မှုဇုံပြင်ပအလုပ်သမား များအား ပထမအကြိမ် (စတုတ္ထနေ့)အဖြစ် ယနေ့နံနက် ၉ နာရီမှ စ၍ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဆက်လက်ထိုးနှံ ပေး လျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25521
Page
25522
Page
25523
Page
25524
Current page
25525
Page
25526
Page
25527
Page
25528
Page
25529
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department