ကန့်ဘလူမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ကျေးရွာပြည်သူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ကန့်ဘလူ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလယ်ကျေးရွာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အသက် ၁၈ နှစ်နှင့်အထက် ဆရာတော် သံဃာတော်များ၊အသက် ၆၅ နှစ်နှင့်အ ထက် အသက်အရွယ်ကြီးရင့်သူများ၊ ပရဟိတ လုပ်ငန်းဆောင်ရွက်နေသူများနှင့် ကျေးရွာပြည်သူများအား ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက်နံနက် ၁၀ နာရီက မလယ်ကျေးရွာ စိန်ပန်းကျောင်းတိုက်၌ ၃၅၉ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့မြို့နယ်မှာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသူများကို  ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်းအနေဖြင့် ယခုလ ၃ ရက်ကနေ စတင်ထိုးနှံပေးလျက်ရှိပါတယ်။ ဒီကနေ့ မလယ်ကျေးရွာမှာရှိတဲ့ ရဟန်းသံဃာတော်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ကျေးရွာ ပြည်သူတွေကို  ထိုးနှံပေးခဲ့ပါတယ် ဟု မြို့နယ် ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုးက ပြောသည်။

ကန့်ဘလူမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသူများကို ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၃ ရက်က စတင် ထိုးနှံပေးခဲ့ရာ ယမန်ရက်နေ့အထိ ၄၈၇၀ ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း