Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောင်းမြမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများ ရွေးချယ်ခြင်း အစည်းအဝေးဆောင်ရွက်
Sep 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၂၁−၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများ ရွေးချယ်ခြင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆားလင်းကြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်၌ မြန်မာနိုင်ငံသား(၄၃)ဦးအား တရုတ်နိုင်ငံမှ ပြန်လည်လွှဲပြောင်း
Sep 18,2021
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေးစခန်းသို့ တရုတ်နိုင်ငံရှိ မြို့အသီးသီးတွင် အလုပ်သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၄၃)ဦး အား တရုတ်နိုင်ငံ နယ်ခြားစောင့် လူဝင်မှု စစ်ဆေးရေးဌာန၊ ရဲမှူး ကျန်းကျင်းကွေး ဦးဆောင်သောအဖွဲ့မှ ချင်းရွှေဟော် နှစ်နိုင်ငံနယ်စပ် တံတားပေါ်တွင် ယမန်နေ့က လွှဲပြောင်းပေးအပ်ခဲ့ရာ အမှတ်(၁၂၉) ရှေ့တန်းခြေလျင်တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး ထွန်းမင်းခိုင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မှ လဝကမှူး ဦးကျော်မိုး ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်စိတ်(၂)မှ ရဲအုပ် ဇော်ဝင်းမြင့်၊ နယ်မြေရဲစခန်းမှ ရဲအုပ်လှိုင်ဝင်း တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စိစစ်လက်ခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသ အသေးစား စက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့…
Sep 18,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကဝမြို့နယ်အတွင်း ကျေးလက်ဒေသ အသေးစား စက်မှုလက်မှု လုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး သွားရောက် ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ကျန်းမာရေး ပြန်လည်ကောင်းမွန်သဖြင့် နေရပ်သို့ ပြန်ခွင့်ရသူ (၃၁၅) ဦးထိရှိလာ
Sep 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ဆေးကုသမှုခံယူနေသူ ကိုဗစ်-၁၉ ရော ဂါ အတည်ပြုလူနာ(၇၀)ဦးအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ(၈) ဦးအား ယနေ့တွင် နေရပ်သို့ ပြန်လည်စေလွှတ်ခဲ့သဖြင့် ယနေ့အထိ ကျန်းမာရေးပြန်လည်ကောင်းမွန်သဖြင့် နေရပ်သို့ ပြန်ခွင့်ရသူ (၃၁၅) ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယမြောက် ပထမအကြိမ်ထိုးနှံပေး
Sep 18,2021
မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ ဒေသခံပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယမြောက် ပထမအကြိမ် ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉) နာရီက အမှတ်(၁)ရပ်ကွက်ရှိ သီရိဇေယျာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၌ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်
Sep 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့်ရောဂါကြောင့် သေဆုံးမှုကိုလျှော့ချစေရန်နှင့်ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ရှမ်းရွာသစ်မြိို့တိုက်နယ်ဆေးရုံတွင် အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများတို့အားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တကောင်းမြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအရောက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဆက်လက်စစ်ဆေးပေး
Sep 18,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီမှ မြို့ပေါ်ရပ်ကွက် များရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်ကျောင်းများ အရောက် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ (RDT Test Kit) များဖြင့် စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်(၁၂)နာရီက ဆေးစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25515
Page
25516
Page
25517
Page
25518
Current page
25519
Page
25520
Page
25521
Page
25522
Page
25523
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department