တပ်ကုန်းမြို့နယ်၌ အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးအား ဒုတိယရက်ထိုးနှံပေး

တပ်ကုန်း       စက်တင်ဘာ     ၁၇

နေပြည်တော်တပ်ကုန်းမြို့နယ်တွင် အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့၊ တပ်ကုန်းတပ်နယ်မှ ဆေးထိုးအဖွဲ့တို့ဖြင့် ကိုဗစ်ကာကွယ်ဆေးအား ဒုတိယရက်ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက တပ်ကုန်းမြို့၊ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဝန်း၊ ကာကွယ်ဆေးထိုးစုရပ်တွင်  ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ Sinopharm အမျိုးအစား ဖြစ်၍ ကာကွယ်ဆေးအလုံးရေ(၁၆၀၆)လုံးရရှိပြီး၊ ပထမရက် ကိုဗစ်ကာကွယ်ဆေးလာရောက် ထိုးနှံသူပေါင်း (၄၉၇)ဦးဖြစ်ကြောင်းသိရသည်။ အဆိုပါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပါဝင်ကူညီဆောင်ရွက်ပေးကြပြီး၊ ဥတ္တရခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်များသည့်  ဗိုလ်မှူးနိုင်လင်း၊ ဒေါက်တာ ခင်မောင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ယာယီရဲမှူး တင်အောင်မို့းတို့က လာရောက်ကြည့်ရှုပြီး  ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူများအား   ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြား ကြောင်း သိရသည်။

 တင်စိုးလွင်