Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ငပလီမြို့၌ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား (ပထမအကြိမ်) ဒုတိယနေ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 18,2021
ငပလီမြို့တွင် အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိသူနှင့် ဦးစာပေးအဆင့်အလိုက် ဒုတိယအသုတ် ဒုတိယနေ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်အမက(မူလွန်) ကျောင်းတွင် စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်၌ မိုးရွာသွန်းမှုများခြင်းကြောင့် အားကစားကွင်းမြေထိန်းနံရံ ပေ ၂၄၀ ခန့်ပြိုကျ
Sep 18,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ်(၅) ရပ်ကွက်ရှိ ညောင်ဦးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားကွင်း မြောက်ဘက်ရိုးရိုးတန်း ပွဲကြည့်စင်အနောက်ဘက်မှ အနောက်မြောက်ဘက်တလျှောက် မြေထိန်းနံရံ ပြိုကျခဲ့ကြောင်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 18,2021
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများကို စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းကစတင်ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်တွင် အသက် (၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပ…
Sep 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် သတ်မှတ် စုရပ်(၃)နေရာ၌ ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ် မြန်မာ့လယ်ယာစီးပွားရေးဘဏ်ခွဲတွင် တောင်သူများအား မိုးသီးနှံချေးငွေ ဆက်လက်ထုတ်ချေးပေး
Sep 18,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့် ကာလအတွင်း စီးပွားရေးကုစားမှုအနေဖြင့် အခက်အခဲများ အဆင်ပြေ စေရန်ရည်ရွယ်၍ မိုးစပါး စိုက်တောင်သူ ကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက်က အဆိုပါ ဘဏ်ခွဲတွင် ကျေးရွာအုပ်စု (၃)အုပ်စုမှ တောင်သူ (၆၁)ဦးအား ဧက ၃၅၄ ဧကအတွက် ငွေကျပ်သိန်းပေါင်း ၃၅၄ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေသည့် အသက် ၁၈ နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလျက်ရှိ
Sep 18,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ် အထက်ရှိပြည်သူများကို ယမန်နေ့ နံနက် ၈ နာရီခွဲက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဆိုပါခိုလှုံရာ စခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Online မှ တစ်ဆင့် အသိပညာပေးအစီစဉ်များကို ရိုက်ကူးထုတ်လွှင့်
Sep 18,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း Stay at Home နေပြည်သူများအား အချိန်ကို အကျိုးရှိစွာ အသုံးချ နိုင်စေရန် ရည်ရွယ်ပြီး Online မှတစ်ဆင့် သိပညာပေးအစီအစဉ်များကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးတွင် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၊ စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပြန့်ပွားရေးစင်တာ၌ ယမန်နေ့ နံနက် (၉) နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25516
Page
25517
Page
25518
Page
25519
Current page
25520
Page
25521
Page
25522
Page
25523
Page
25524
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department