အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသော မိဘပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စက်တင်ဘာ ၁၈ ရက် (မနက်ဖြန်) နံနက် ၈ နာရီအချိန်မှ စတင်ကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 17,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်များထံလွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ငွေသဲဖြူ ခန်းမတွင် စက်တင်ဘာလ ၁၇ ရက် နံနက် ၁ဝနာရီက ပြုလုပ်သည်။
Sep 17,2021
ဂွမြို့နယ်အတွင်းရှိစုရပ်(၃)ခုတွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး သူ(၂၂၂၅)ဦးရှိသည့် အနက် စက်တင်ဘာလ (၆)ရက်နေ့အထိဒုတိယ အကြိမ်(၁၉၇၆)ဦး ထိုးနှံပြီး၍ကာကွယ်ဆေး လာရောက် ထိုးနှံခြင်း မရှိသေးသူ ၂၄၉ ဦးအား ယနေ့နံနက်ပိုင်းတွင်သက်ဆိုင်ရာ စုရပ်အလိုက် ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Sep 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်ရှိ အသက် ( ၅၅ ) နှစ်နှင့်အထက်ဦး စား‌ပေး အစဉ် လိုက်ပြည်သူ များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အ-ထ-က ရေဖြူ ၊အ-ထ-ကကံပေါက်၊ အ-ထ-က ကလိန်အောင် စုရပ် (၃)ခုတို့တွင် ယနေ့နံနက် ( ၉ ) နာရီအချိန်တွင် ဆက်လက်ထိုးနှံပေး လျက် ရှိသည်။
Sep 17,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းယခုလက်ရှိြဖစ်ပွားနေသော လတ်တလော အသက်ရှုလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါအမြန်ကုသနိုင်ရေးအတွက် လိုအပ်သော အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးနှင့် အောက်ဆီဂျင် ပြတ်တောက်မှု မရှိစေရေး အတွက်စေတနာရှင်၊ အလှူရှင်များထံမှ ထည့်ဝင်လှူဒါန်းငွေဖြင့် အောက်ဆီဂျင်စက် အသစ်အား ယမန်နေ့က မင်းပြားမြို့ကျိန်းရိပ် ကရုဏာ အောက်ဆီဂျင် ထုတ်လုပ်ရေးစက်ရုံ၌ စတင်စမ်းသတ် လည်ပတ်လျက်ရှိကြောင်း သိရသည်။
Sep 17,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု လုပ်ငန်းပညာ သင်တန်းကျောင်း အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်းပြားမြို့ရှိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
Sep 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၉)ဉီးအား ယနေ့တွင် ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
Sep 17,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို နံနက် (၉) နာရီ (၃၀) မိနစ်အချိန်မှစတင်၍ မြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာသို့ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် မိဘပြည်သူ (၃၅)ဦးတို့ကို ထိုးနှံပေးခဲ့ပြီး စက်တင်ဘာလ (၁၅) ရက်နေ့မှ ယနေ့ထိ စုစုပေါင်း (၂၃၉) ဦးကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။