Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နမ့်ဆန်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် ပြုလုပ်ပေး နိုင်ရေး စာရင်းကောက်ယူခြင်းများဆောင်ရွက်
Sep 17,2021
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးရုံးမှ မြို့နယ်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့် သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး စာရင်းကောက်ယူခြင်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ရပ်ကွက်၊ ကျေးရွာစာရေးများက ပြည်သူများနေအိမ်သို့ တစ်အိမ်တက်ဆင်း လိုက်လံစာရင်းကောက်ယူ လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများကို ထိုးနှံပေးလျက်ရှိ
Sep 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော သံဃာတော်ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ယနေ့မှ စတင်ကာ မြို့နယ်အာကစားခန်းမအတွင်းတွင် ထိုးနှံပေးလျက်ရှိပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပီးသူများအနေဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံရန် ကျန်ရှိသူများကိုလည်း မြို့နယ်ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံးတွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းကင်းမြိုနယ်၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မင်းရာဇာခန်းမ၌ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ ဆေးထိုးစုရပ် ၅ နေရာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Sep 17,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီတွင် စတင်၍ မြို့နယ်အတွင်း အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ ပြည်သူ ၁၄၁၇၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တပင်ရွှေထီးရပ်ကွက်ရှိ အထက(၄)ကျောင်း ၊ မြို့နယ်ပြည်သူဆေးရုံ၊ ပျော်ဘွယ်ကြီး တိုက်နယ်ဆေးရုံ၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံ နှင့် ဓနုတ်စံပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာန စသည့် ဆေးထိုး စုရပ်(၅)နေရာတို့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင်ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားခြင်းမှကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်
Sep 17,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိပြည်သူများကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကလိန်အောင်မြို့ အထွ ေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာ များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့ကကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ် နိုင်ရေးအသိပညာပေးခြင်းလုပ်ငန်းကိုစက်တင်ဘာ(၁၆)ရက်နေ့ ညနေ(၆)နာရီခန့်က မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယ) အကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်နိုင်ရေးအတွက် အသက်( ၆၅ )နှစ်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်း မိသားစုများနှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများအား ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် လက်ခုပ်ကုန်း တိုက်နယ်ဆေးရုံများတွင် ဩဂုတ်လ(၃၀)ရက်နေ့မှစ၍ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူအသစ် (၁၀) ဦးတွေ့ရှိ၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၄၃) ဦးရှိပြီဖြစ်
Sep 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စတင်ဖြစ်ပွားသည့် ဇွန်လ (၃၀) ရက်နေ့မှယနေ့ထိ ပိုးတွေ့လူနာပေါင်း (၁၂၄၃) ဦးရှိပြီး ယနေ့ထိ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ကုသပျောက်ကင်း၍ နေအိမ်သို့ပြန်ခွင့်ရသူ စုစုပေါင်း (၁၁၁၉) ဦးထိ ရှိပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသူများအား ဆက်လက်ထိုးနှံပေး
Sep 17,2021
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့ နံနက် ၈ နာရီကစတင်ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25522
Page
25523
Page
25524
Page
25525
Current page
25526
Page
25527
Page
25528
Page
25529
Page
25530
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department