အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရာသီစာ သရက်သီးမှည့်များကို အလေ အလွှင့်မရှိစေဘဲ သရက်ပြားနှင့် သရက်ယို မျိုးစုံလုပ်ငန်းကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက် မိသားစု ဝင်ငွေတိုး၍ အဆင်ပြေ လျက်ရှိကြောင်း လေ့လာသိရှိရသည်။
Aug 21,2020
ပြင်ဦးလွင်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု လျော့ကျနိုင်ရန်နှင့် သားအိမ်ခေါင်းကင်ဆာကုသနိုင်ရန်အတွက် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်ဆေး HPV (Human Papilloma Virus) ထိုးနှံနိုင်ရန်အတွက် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
Aug 21,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအသိပညာ ပေးနံရံကပ်စာစာင်များကို ယမန်နေ့ ညနေပိုင်းမှစ၍ ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ပြသခဲ့သည်။
Aug 21,2020
ပဲခူးတိုင်း၊ ဒိုက်​ဦးမြို့နယ်​၊ အလုပ်​သမားလူဝင်​မှုကြီးကြပ်​ရေးနှင့်​ ပြည်​သူ့အင်​အားဆိုင်​ရာ ရုံးမှ ဦးစီးမှူးနှင့်​ ဝန်​ထမ်းများသည်​ ဒိုက်​ဦးမြို့နယ်​၊​ ရွှေအင်​ဒုံ​ကျေးရွာ အုပ်​ချုပ်​ရေးမှူးရုံး၌ ယမန်​နေ့က​ ကျေးရွာရှိပြည်​သူများအား သစ္စာစီမံချက်​ဖြင့်​ နိုင်​ငံသားစိစစ်​ရေးကဒ်​ပြားများ ပြုလုပ်​ပေးသည်​။
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းဝင်းလတ်နှင့် မြို့နယ်မှ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက တံတားမြို့ ဇီးဖြူပင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ဆဲလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 21,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီး များအား သားအိမ်ခေါင်းကင်ဆာ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ် တွင် သားအိမ်ခေါင်း ကင်ဆာ Human Papilloma Virus ( HPV ) ဆေးအား ထည့်သွင်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ လုပ်ငန်းခွင်တွင် မတော်တဆထိခိုက်ဒဏ်ရာရှိခဲ့သူ အာမခံအလုပ်သမား (၂) ဦးအား အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ၁၀၀ ရာခိုင်နှုန်းနှင့်အကူ ၁၀ ရာခိုင်နှုန်း ထောက်ပံ့ငွေများကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူမှုဖူလုံရေးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 21,2020
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ စီးပွား​ရေးကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်​တောင်သူများကို မျိုး​ကောင်း မျိုးသန့်မျိုး​စေ့စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာ​​ပေး​ဆွေး​နွေး​ဟော​ပြောခြင်းကို ယ​နေ့နံနက် (၁၁) နာရီအချိန်က ​ရန်ကုတ်​ကျေးရွာ အုပ်စု​အုပ်ချုပ်​ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။