အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Sep 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဇွန်လ ၁၁ ရက်နေ့မှ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၇၆၀ ဦးထိရှိလာပြီဖြစ်ကြောင်း သိရသည်။
Sep 17,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးကြီးကြပ်မှုကော်မတီမှ မြို့ပေါ်ရပ်ကွက်များရှိဘုန်းတော်ကြီးကျောင်းများ အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ (Test Kit)များဖြင့်စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ မွန်းလွှဲ(၂) နာရီက တကောင်းမြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆေးစစ်ဆေးမှု ပြုလုပ် ခဲ့ကြောင်း သိရသည်။
Sep 17,2021
ကန့်ဘလူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာ လှပရေးအတွက် လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို မြို့နယ် စည်ပင် သာယာရေး အဖွဲ့၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်မြို့ပြ / ကျေးလက် လမ်း၊တံတားလုပ်ငန်းများကို ခွင့်ပြုငွေကျပ် ၂၆၇ ဒသမ ၂၆၆ သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
Sep 17,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့နံနက်ပိုင်းက စတင်ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Sep 17,2021
သဘာဝပတ်ဝန်းကျင် သာယာလှပရေးနှင့် ဂေဟစနစ်များ မပျက်စီးစေရေး ထိန်းသိမ်းသင့်သည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က သဘာဝပတ်ဝန်းကျင်လှပဖို့ ထိန်းသိမ်းကြပါစို့ အသိပညာပေး နံရံကပ် စာစောင်အား ပြသဆောင်ရွက်သည်။
Sep 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ယခုနှစ် မိုးပိုမိုရွာသွန်း ခြင်းကြောင့် မိုးစပါး ၃၄၈၉၅ ဧက လျာထားချက် ရာနှုန်းပြည့် စိုက်ပျိုးနိုင်ပြီး လျာထားချက် ကျော်လွန်အောင် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း မြိုနယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီထံမှ သိရသည်။