ရေဖြူမြို့နယ်တွင် အသက် ( ၅၅ ) နှစ်နှင့် အထက် ဦးစားပေးအစဉ်လိုက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဆက်လက်ထိုးနှံပေး

 

ရေဖြူ  စက်တင်ဘာလ   ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်ရှိ အသက် ( ၅၅ ) နှစ်နှင့်အထက်ဦး စား‌ပေး အစဉ် လိုက်ပြည်သူ များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အ-ထ-က ရေဖြူ ၊အ-ထ-ကကံပေါက်၊    အ-ထ-က ကလိန်အောင် စုရပ် (၃)ခုတို့တွင် ယနေ့နံနက်  (  ၉  )  နာရီအချိန်တွင် ဆက်လက်ထိုးနှံပေး လျက် ရှိသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်းလုပ်ငန်းများတွင် ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ပြည်သူများ ရောဂါဒဏ်ခံနိုင်ရည်ရှိစေရန်နှင့် ကူးစက်ဖြစ်ပွားမှုလျော့ကျစေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး   ကာကွယ်ဆေး ထိုးနှံ ခြင်းကို  အ-ထ-က ရေဖြူတွင် ရပ်ကွက်(၄)ခု နှင့်ကျေးရွာ အုပ်စု(၁၇) ခု ကိုလည်းကောင်း၊အ-ထ-က ကံပေါက်တွင် ကျေးရွာအုပ်စု(၉)ခု ရှိပြည်သူ များကိုလည်းကောင်း၊ အ-ထ-က ကလိန်‌အောင်တွင် ကလိန်အောင်မြို့ပေါ် ရပ်ကွက် (၄)ခုနှင့်ကျေးရွာ အုပ်စု (၉)ခုကိုလည်း ကောင်း စသည့်စုရပ် ( ၃ ) နေရာတို့တွင်  ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင် များ နှင့်  မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေး လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန်ခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေ ရှိမှသာ  ထိုးနှံပေးလျက်ရှိရာ မြို့နယ်ရှိ တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်လျှက်ရှိကြောင်း သိရ သည်။

ယနေ့တွင် ပထမအကြိမ်အဖြစ်ထိုးနှံပေးလျှက်ရှိသောဆေးသည် တရုတ်နိုင်ငံမှ ထုတ်လုပ် သော (Sinopharm) အမျိုး အစားဖြစ်ပြီး ဆေးတစ်လုံးကို လူ(၅)ဦးထိုးနှံပေးခြင်းဖြင့် ဆေး ခွဲတမ်း(၈၀၀)ရရှိ သည့်အတွက် ဦးစားပေးအဆင့်အလိုက် ပြည်သူ (၄၀၀၀)ဦးအားထိုးနှံပေး နိုင်မည်ဖြစ်ကြောင်းသိရသည်။

ရေဖြူ ပြန်/ဆက်