နမ့်ဆန်မြို့နယ်တွင် အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

နမ့်ဆန် စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို နံနက် (၉) နာရီ (၃၀) မိနစ်အချိန်မှစတင်၍ မြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာသို့ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် မိဘပြည်သူ (၃၅)ဦးတို့ကို  ထိုးနှံပေးခဲ့ပြီး စက်တင်ဘာလ (၁၅) ရက်နေ့မှ ယနေ့ထိ စုစုပေါင်း (၂၃၉) ဦးကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နမ့်ဆန်မြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇူလိုင် ၃၁ ရက်နေ့မှ ဩဂုတ် ၁၀ ရက်နေ့ထိ စုစုပေါင်း (၅၇၂၉) ဦးကို ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ် ကာကွယ်ဆေး များကို စက်တင်ဘာလ ၁၄ ရက်မှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ သတ်မှတ်စုရပ် နေရာများတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

နန်းဆိုင်