ဂွ စက်တင်ဘာ ၁၇
ဂွမြို့နယ်အတွင်းရှိစုရပ်(၃)ခုတွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး သူ(၂၂၂၅)ဦးရှိသည့် အနက် စက်တင်ဘာလ (၆)ရက်နေ့အထိဒုတိယ အကြိမ်(၁၉၇၆)ဦး ထိုးနှံပြီး၍ ကာကွယ်ဆေး လာရောက် ထိုးနှံခြင်း မရှိသေးသူ ၂၄၉ ဦးအား ယနေ့နံနက်ပိုင်းတွင်သက်ဆိုင်ရာ စုရပ်အလိုက် ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဂွမြို့စုရပ်အတွက် စည်ပင်သာယာ (အောင်မင်္ဂလာခန်းမ)တွင် (၁၈၁)ဦး၊ ဆပ်သွားအ.ထ.က စုရပ်တွင် (၁၇)ဦးနှင့်ကျိန္တလီ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခန်းမစုရပ်တွင်(၅၁)ဦး ကာကွယ်ဆေး ထိုးရန် ကျန်ရှိ သေးသဖြင့် ယနေ့တစ်ရက်တည်းသာ အဆိုပါဆေးထိုးရန်ကျန်ရှိသူ (၂၄၉)ဦးအားတိုကင် စနစ်ဖြင့် ထိုးနှံပေး သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ရွှေရည်ဝင်းကျော်