ဆိပ်ဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်‌ဆောင်ရွက်‌‌သောနိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲကျင်းပ

 

ဆိပ်ဖြူ    စက်တင်ဘာ  ၁၇

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  ကာယကံရှင်များထံလွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ငွေသဲဖြူ ခန်းမတွင် စက်တင်ဘာလ ၁၇ ရက် နံနက် ၁ဝနာရီက ပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဦးစီးအရာရှိ ဦးကိုလေးအောင် က ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးရခြင်းရည်ရွယ်ချက်နှင့် မိမိဌာနဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာ နများပူးပေါင်း၍ အသက်(၁၆)နှစ်ပြည့်ပြီး အသက်(၁၈)နှစ် ပြည့်မည့်သူများ နှင့် အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ကိုင်ဆောင်ခြင်းမရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုများ ကိုရှင်းလင်းတင်ပြသည်။ ထို့နောက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက လွှဲပြောင်းပေးအပ်ခဲ့သည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆိပ်ဖြူမြို့နယ်တွင် ပထမအကြိမ်ပေးအပ်ခြင်းဖြစ်ပြီး ရပ်ကွက်ကျေးရွာအုပ်စု (၁၃) အုပ်စုမှ  အမျိုးသား (၁၂၀)ဦး၊ အမျိုးသမီး (၁၄၂) ဦး စုစုပေါင်းလူဦးရေ (၂၆၂) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ၏ ပြောကြားချက်အရသိရသည်။

 

ကိုဇွဲ    ( အညာမြေ)