မင်းပြား စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းယခုလက်ရှိြဖစ်ပွားနေသော လတ်တလော အသက်ရှုလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါအမြန်ကုသနိုင်ရေးအတွက် လိုအပ်သော အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးနှင့် အောက်ဆီဂျင် ပြတ်တောက်မှု မရှိစေရေး အတွက်စေတနာရှင်၊ အလှူရှင်များထံမှ ထည့်ဝင်လှူဒါန်းငွေဖြင့် အောက်ဆီဂျင်စက် အသစ်အား ယမန်နေ့က မင်းပြားမြို့ကျိန်းရိပ် ကရုဏာ အောက်ဆီဂျင် ထုတ်လုပ်ရေးစက်ရုံ၌ စတင်စမ်းသတ် လည်ပတ်လျက်ရှိကြောင်း သိရသည်။
ထိုသို့မင်းပြားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် အောက်ဆီဂျင် လိုအပ်ချက်များအား အချိန်မှီ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး ဦးစီးလျက် ရခိုင်ပြည်နယ်လုံးကျွတ် အောက်ဆီ ဂျင်လုံလောက်စွာ ရရှိစေရေး၊ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး၊ မင်းပြားမြို့ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ကုသနေသည့် အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် အောက်ဆီဂျင် အလုံအလောက် ထုတ်လုပ်ပေးနိုင်မည့် အောက်ဆီဂျင်ထုတ်လုပ်ရေး စက်ရုံအတွက် မင်းပြားမြို့နယ် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၊ ဌာနဆိုင်ရာများ၊ မင်းပြား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ပံ့ပိုးရေး မြို့နယ်အဆင့် အရပ်ဖက် အထောက်အကူ ပြုကော်မတီနှင့် စေတနာရှင်၊ အလှူရှင်များထံမှ လှူဒါန်းငွေကျပ်သိန်း(၂၃၀၀)တန်ဖိုးရှိ တစ်ရက်လျှင်လီတာ(၄၀) ဆန့် အောက်ဆီဂျင်ဗူး (၆၀)လုံး ထွက်ရှိသည့် အောက်ဆီဂျင်ထုတ်လုပ်စက်အား ကျိန်းရိပ်ကရုဏာ အောက်ဆီဂျင် ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိလာပြီဖြစ်၍ စတင်စမ်းသတ် လည်ပတ်လျက်ရှိကြောင်း သိရသည်။
သိန်းနုအောင်