မင်းပြား စက်တင်ဘာ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု လုပ်ငန်းပညာ သင်တန်းကျောင်း အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်းပြားမြို့ရှိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မင်းပြားမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက သင်တန်းဆင်းအမှာ စကားပြောကြားသည်။
ဆက်လက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ် သင်တန်းတွင်နိုင်ငံတော်က အခကြေးငွေမယူပဲ အခမဲ့စက်ချုပ် ပညာတတ်မြောက်ပြီး သင်တန်းဆင်းသည့်အခါ ထူးချွန်ဆုရ သင်တန်းသူများအား အပ်ချုပ်စက်တစ်လုံးအား ဆုချီးမြှင့်ပေးအပ်သည်။
ဆက်လက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ မြောက်ဦးခရိုင် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှထွန်းက သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်ပေး အပ်ပြီးနောက် သင်တန်းသူများ၏ လက်ရာများအား ကြည့်ရှုအားပေးကြသည်။
အဆိုပါ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁)သင်တန်းကို မေ(၁၇)ရက်မှ စက်တင်ဘာ (၁၇)ရက်နေ့ထိ ရက်သတ္တ(၁၈)ပတ်ကြာသင်ကြားပို့ချခဲ့ကြောင်းနှင့် နယ်စပ်ဒေသရှိတိုင်းရင်းသူ အမျိုးသမီးငယ်(၃ဝ)ဦး လာရောက်သင်ကြားပြီး အမျိုးသမီးဘဝရပ်တည်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိလာမည်ဖြစ်ကာ ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။
သိန်းနုအောင်(ပြန်/ဆက်)